Main menu

Background

ဗီယက်နမ်ဝန်ဆောင်မှု မြှင့်တင်ဖို့ အိုင်တီကို အဆင့်မြှင့်

Sun, 03/25/2012 - 07:45 -- Anonymous (not verified)

    ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ဖို့နဲ့ တစ်ဆင့်ကန်ထရိုက်လုပ် ငန်း အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်ဖို့အတွက် ဗီယက်နမ်နိုင်ငံရဲ့ သတင်း အချက်အလက်နည်းပညာ (အိုင်တီ)ကို တိုးမြှင့်သွားမှာဖြစ်ကြောင်း အင်တာ နေရှင်နယ် ဒေတာကော်ပိုရေးရှင်း (IDC)  ရဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ အိုင်တီသုံးစွဲမှုက အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ ရှိခဲ့ရာ တစ်နှစ်အတိုးနှုန်း ၁၉ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က တိုးတက်ခဲ့တဲ့ ၈ ဒသမ ၄ ရာခိုင်နှုန်းထက်မြင့်တက်လာခဲ့ ပါ တယ်။    ဗီယက်နမ်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေက အသုံးစရိတ်တွေလျှော့ချဖို့ အတွက် Cloud အပလီကေးရှင်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလိမ့်မယ် လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယခုနှစ်မှာ ဆက်သွယ်ရေး ကုမ္ပဏီကြီး တွေက အသေးလေးတွေကို ဝယ်ယူလိမ့်မယ်။ ပြီးတော့ ဗီနာဖုန်း၊ မိုဘီဖုန်းနဲ့ ဗီယက်တဲတို့လို ကုမ္ပဏီတွေ အပြင်းအထန် ပြိုင်ဆိုင်ကြလိမ့်မယ်လို့ IDC က ခန့်မှန်းထားပါတယ်။    စမတ်ဖုန်းအသုံးပြုမှုကလည်း အများကြီးတိုးတက်လာမယ်လို့ အစီရင်ခံစာ မှာ ခန့်မှန်းထားပါတယ်။ ၂၀၁၁ ခုနှစ် နှစ်လယ်လောက်မှာ စမတ်ဖုန်းအသုံးပြုမှု က ၄ သိန်းထိ ရှိခဲ့ပြီး ယခုနှစ်ကုန်မှာ ဒီကိန်းဂဏန်းက ၂ ဒသမ ၇ သန်းအထိ ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။    ယခုနှစ်အတွင်းမှာ တဲဘလက်ကွန်ပျူတာအသုံးပြုမှုက ၉၂ ရာခိုင်နှုန်း တိုးတက်မှာဖြစ်တဲ့အတွက် ပီစီ ကွန်ပျူတာတွေရောင်းချဖို့ အခက်အခဲတွေ့ နိုင်ပါတယ်။ ယခုနှစ်ကုန်လောက်မှာ အင်တာနက်အသုံးပြုသူ ဗီယက်နမ်မှာ ၂၆ သန်းရှိတဲ့အတွက် အီလက်ထရွန်းနစ်စနစ်နဲ့ပေးချေမှု (e-payment )  က ဈေးကွက်ကိုအထောက်အကူ ပြုလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။    ဝက်ဘ်အခြေပြု လူမှုကွန်ရက်တွေကလည်း အီလက်ထရွန်နစ်စနစ်နဲ့ ကုန်သွယ်မှုကိုအထောက်အကူ ဖြစ်စေမယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါ တယ်။Source.VNS