Main menu

Background

ဖွံ့ဖြိုးပြီးနိုင်ငံများ အတွက် ၂၀၁၂ ခုနှစ်တွင် အလားအလာ ကောင်းနိုင်

Sun, 03/25/2012 - 07:47 -- Anonymous (not verified)

    အဓိကဘဏ်ကြီးများက ငွေကြေး မူဝါဒများကို တသီကြီး  အဆမတန် လျှော့ချထားတဲ့အတွက်နဲ့ ဥရောပ ကြွေးမြီ အကျပ်အတည်း တိုးတက်တဲ့ လက္ခဏာတွေပြလာတဲ့အတွက် ယခု နှစ်ထဲမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ စီးပွားရေး တွေ တိုးတက်မှုရှိလာကြောင်း ရိုက်တာ သတင်းဌာနက စစ်တမ်းကောက်ယူ ထားတဲ့ စီးပွားရေးပညာရှင်တွေရဲ့ အဆိုအရ သိရပါတယ်။ လွန်ခဲ့တဲ့ ရက် အနည်းငယ်အတွင်း စီးပွားရေးပညာ ရှင် ၂၅၀ ကို စစ်တမ်း ကောက်ယူချက် အရယူရိုဇုန် ဗြိတိန်နဲ့ ဂျပန်နိုင်ငံတွေရဲ့ စီးပွားရေး တိုးတက်နှုန်းကို တိုးမြှင့်ခန့် မှန်းခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည် ထောင်စုရဲ့ စီးပွားရေးတိုးတက်နှုန်းကို ပြုပြင်ပြောင်းလဲခြင်း မရှိခဲ့ပါဘူး။    ပုဂ္ဂလိက ကဏ္ဍ ဝယ်ယူထားတဲ့ ကြွေးမြီတွေကို တန်ဖိုး ထက်ဝက် လျှော့ချပြီး သက်တမ်းပြည့်မြောက်မဲ့ ကာလကိုလည်း ပိုမိုတိုးပေးဖို့ ငွေကြေး အုပ်စုရဲ့ ကြွေးမြီ အကျပ်အတည်းမှာ အရင်းခံကျတဲ့ ဂရိနိုင်ငံက ယခုသီတင်း ပတ်အကုန်က ညှိနှိုင်း ရရှိထားပြီးဖြစ်တဲ့ အတွက် ကြွေးမြီပမာဏကို ယူရို ၁၀၀ ဘီလီယံအထိ လျှော့ချနိုင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်နိုင်တဲ့အတွက် ဂရိနိုင်ငံ ကို ၂၀၁၄ ခုနှစ်အတွက် ငွေကြေးပြည့်စုံ သွားအောင် ဆောင်ရွက်ပေးမဲ့ ယူရို ဘီလီယံ ၁၃၀ အစီအစဉ်ကို ဆက်လက် ဆောင်ရွက်နိုင်ဖို့ နိုင်ငံရေးအခွင့်အလမ်း ပွင့်သွားစေခဲ့ ပါတယ်။ ကြွေးမြီအကျပ် အတည်း ကျယ်ပြန့်လာလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း လွင့်ပျယ်သွားစေ ခဲ့ပါတယ်။    ဗဟိုဘဏ်တွေကလည်း အတိုး နှုန်း တွေကို စံချိန်တင်လျှော့ချပေးခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးမှုကို တွန်းအားပေး နိုင်ဖို့အတွက် လှည့်လည်ငွေကြေးထဲကို ဒေါ်လာထရီလီယံပေါင်းများစွာ ထည့် သွင်းပေးခဲ့ပါတယ်။ ယူရိုဇုန်နဲ့ ဗြိတိန်မှာ စီးပွားရေးလုပ်ငန်းတွေတိုးတက်မှုရှိနေ ကြောင်းနဲ့  ဂျပန်နဲ့ အမေရိကန်ပြည် ထောင်စုနိုင်ငံတွေမှာယခင်လများအတွင်း တိုးတက်မှုတွေကို  တွေ့ရှိရကြောင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုး ရေးအဖွဲ့ (အိုအီးစီဒီ)က ယခုသီတင်း ပတ်ထဲမှာ ပြောပါတယ်။ Source.reuters.com