Main menu

Background

စင်ကာပူအလုပ်လက်မဲ့ ၁၄ နှစ်အတွင်း အနိမ့်ဆုံးရောက်ရှိ

Sun, 03/25/2012 - 07:49 -- Anonymous (not verified)

    ၂၀၁၁ ခုနှစ်နောက်ဆုံး သုံးလပတ်အတွင်း စင်ကာပူရှိ ကုမ္ပဏီများက အလုပ်အကိုင်များကို ကနဦးခန့်မှန်းထားတာ ထက် ကျော်လွန်ခန့်ထားနိုင်ခဲ့တဲ့အတွက် အလုက်လက်မဲ့ နှုန်းက လွန်ခဲ့သော ၁၄ နှစ်အတွင်းဖြစ်ခဲ့သော နှုန်းများ အနက် ၂၀၁၁ ခုနှစ်မှာ အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပါတယ်။    အလုပ်ရှင်များက ဒီဇင်ဘာထိ သုံးလပတ်ကာလအတွင်း အလုပ်အကိုင် ၃၇၆၀၀ ပိုမိုခန့်ထားနိုင်ခဲ့သဖြင့် ဇန်နဝါရီက ရှိခဲ့တဲ့ဦးရေဖြစ်တဲ့ ၃၆၃၀၀ ထက်ကျော်လွန်ခဲ့ကြောင်း လူ အင်အား ဝန်ကြီးဌာနကမတ် ၁၅ ရက်ကထုတ်ပြန်ကြေညာ ပါတယ်။     နိုင်ငံသားများရဲ့ အလုပ်လက်မဲ့နှုန်းက ၂၀၁၁ ခုနှစ်မှာ ၃ ရာခိုင်နှုန်းရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါ တယ်။    ရင်းနှီးမြှုပ်နှံမှုကို  ဆွဲဆောင်ရာမှာ  အင်ဒိုနီးရှားနဲ့ မလေးရှား အပါအဝင် အိမ်နီးချင်းများမှယှဉ်ပြိုင်နေတာကို ရင်ဆိုင်နေရတဲ့အတွက် ကုမ္ပဏီတွေလုပ်ငန်းနဲ့လည်ပတ်ရာမှာ သို့မဟုတ် အရှေ့တောင်အာရှနိုင်ငံတွေမှာ လုပ်ငန်းချဲ့ထွင်တဲ့ အခါ အားပေးကူညီဖို့ မကြာမီရက်များအတွင်း အစိုးရက အခွန်တွေ  လျှော့ချပေးခဲ့ပါတယ်။ ကုန်ထုတ်လုပ်မှုတွေ လျော့ကျခဲ့တဲ့အတွက် ဒီဇင်ဘာမှာကုန်ဆုံးတဲ့သုံးလအတွင်း ဒုတိယသုံးလပတ်အဖြစ် စင်ကာပူစီးပွားရေး ကျဆင်းခဲ့ပြီး ဖွံ့ဖြိုးမှုတွေ တိုးတက်အောင်ဆောင်ရွက်ဖို့ မူဝါဒရေးဆွဲသူ တွေကို ဖိအားပေးလာပါတယ်။    "စီးပွားရေးအလားအလာမရေမရာဖြစ်ခြင်းနဲ့အတူ အလုပ်သမားငှားရမ်းလိုတဲ့စိတ်တွေလည်း ကျဆင်းခဲ့ပါတယ်" လို့ အစိုးရက မတ် ၁၅ ရက်ကပြောပါတယ်။Source.todayonline.com