Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Sun, 03/25/2012 - 07:57 -- Anonymous (not verified)

    အမေရိကန်စီးပွားရေးတိုးတက် လာခြင်းနဲ့ နောက်ထပ်ငွေကြေးမူဝါဒ လျှော့ချမှုတွေမပြုလုပ်တော့ဘူးဆိုတဲ့ အမေရိကန်ရဲ့ဆုံးဖြတ်ချက်တွေကြောင့် ဒေါ်လာငွေကြေးရဲ့ဝယ်လိုအားကိုမြှင့် တင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အာရှ ငွေကြေးတွေကဒုတိယသီတင်းပတ်အဖြစ် တန်ဖိုးဆက်လက်ကျဆင်းခဲ့ပါတယ်။    "အမေရိကန်စီးပွားရေးတိုးတက် မှုလက္ခဏာတွေရဲ့ အထောက်အကူ ကြောင့် ယခုတစ်ပတ်အတွက် အဓိက အလားအလာကတော့ဒေါ်လာတန်ဖိုး တက်ဖို့ပဲဖြစ်ပါတယ်"လို့ တိုကျို-မစ်ဆူ ဘီရှီ UFJ ဘဏ်ရဲ့ အကြီးတန်း ဆန်း စစ်ရေးမှူး မီနိုနီအုချီဒါက ပြောပါတယ်။    ရရှိထားတဲ့  သတင်းများအရ ယခုသီတင်းပတ်အတွင်းမှာ အာရှဒေ သရဲ့ စီးပွားရေးတိုးတက်နှုန်းနှေးကွေး နေတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံ ရဲ့ ဇန်နဝါရီပို့ကုန်ကတတိယမြောက် လအဖြစ်ကျဆင်းနေပြီး တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးလိုငွေပြမှုက ၁၉၈၉ ခုနှစ် နောက်ပိုင်းအဆိုးဆုံးဖြစ်နေပါတယ်။တရုတ်ယွမ်    စားသုံးသူဈေးနှုန်းတွေက လ ပေါင်း ၂၀ အတွင်းအနိမ့်ဆုံးနှုန်းနဲ့ မြင့် တက်နေတယ်လို့ တရုတ်အစိုးရက မတ် ၉ ရက်မှာကြေညာခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာ တရုတ်ယွမ်ငွေက သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တတိယ မြောက်ရက်သတ္တပတ်အဖြစ်တန်ဖိုးကျ ဆင်းခဲ့ပါတယ်။ ဗဟိုဘဏ်က နေ့စဉ် ဗဟိုဘဏ်ရည်ညွှန်းနှုန်းကို သုည ဒသမ ၂၅ ရာခိုင်နှုန်းလျှော့ချပြီး တစ်ဒေါ်လာ ကို ၆ ဒသမ ၃၂ ယွမ်ဝန်းကျင်သတ် မှတ်ခဲ့ပါတယ်။ မတ်လ ၉ ရက်ကနှုန်း နဲ့ ယှဉ်ရင် ယွမ်တန်ဖိုးက သုည ဒသမ ၂၁ ရာခိုင်နှုန်း ကျဆင်းပြီး ရှန်ဟဲမှာ တစ်ဒေါ်လာကို ၆ ဒသမ ၃၂၃၉ ယွမ် နှုန်းရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားငွေ ရောင်းဝယ်ရေးဌာနမှစာရင်းများအရ သိရပါတယ်။အိန္ဒိယရူပီး    အမေရိကန်ကုန်ထုတ်လုပ်မှုနဲ့ အလုပ်အကိုင်ကိန်းဂဏန်များတိုးတက် ကောင်းမွန်လာတာကိုအကြောင်းပြုပြီး စွန့်စားလုပ်ဆောင်ရမည်ကို ရင်းနှီးမြှုပ် နှံသူတို့က  သဘော ကျလာသော ကြောင့် အိန္ဒိယနိုင်ငံအတွင်းသို့ မတည် ရင်းနှီးငွေများဝင်ရောက်မယ်လို့ခန့်မှန်း ကြတဲ့အတွက် ရူပီးတန်ဖိုးက မတ် ၁၆ ရက်မနက်ပိုင်းမှာ တက်ရိပ်ပြလာပါ တယ်။ ရူပီးငွေတန်ဖိုးက မတ် ၁၅ ရက် ဈေးပိတ်ချိန်မှာ တစ်ဒေါ်လာကို ၅၀ ဒသမ ၃၈ ရူပီးနှုန်းရှိခဲ့ရာမှ မတ် ၁၆ ရက်နေ့အဖွင့်မှာ ၅၀ ဒသမ ၂၀ ရူပီး နှုန်းဖွင့်ခဲ့ပြီး တစ်ဒေါ်လာ ၅၀ ရူပီးနဲ့ ၅၀ ဒသမ ၅၀ ရူပီးကြားအတက်အကျ ရှိနေမယ်လို့ခန့်မှန်းထားပါတယ်။ဂျပန်ယန်း    အမေရိကန် စီးပွားရေးဖွံ့ဖြိုးမဲ့   လက္ခဏာတွေ ပြလာတာနဲ့ ဂျပန်ဗဟို ဘဏ်ကစီးပွားရေးတွန်းအားပေးအစီ  အစဉ်တွေဆောင်ရွက်လာတာတွေက ရင်းနှီးမြှုပ်နှံသူတွေကို အကျိုးအမြတ် ပိုရှိတဲ့စာချုပ်စာတမ်းရောင်းဝယ်မှုဘက် ကိုဦးတည်လှည့်သွားစေခဲ့ပါတယ်။    ဒေါ်လာ/ယန်းဖလှယ်နှုန်းက မတ် ၁၅ ရက်ဈေးပိတ်ချိတ်မှာ တစ်ဒေါ်လာကို ၈၄ ဒသမ ၁၈ ယန်း ရှိခဲ့ရာမှ မတ် ၁၆ ရက်နေ့လည် ၂ နာရီ ၁၈ မိနစ်က အပြောင်းအလဲအနည်း သာဖြစ်ပြီး တစ်ဒေါ်လာကို ၈၃ ဒသမ ၅၈ ယန်းနှုန်းရှိခဲ့ပါတယ်။ဂျပန်ငွေတန် ဖိုးက ယခုသီတင်းပတ်မှာ ၁ ဒသမ ၃ ရာခိုင်နှုန်းတန်ဖိုးကျပြီး သီတင်းခြောက် ပတ်မြောက်ဆက်တိုက် ကျဆင်းခဲ့ပါ တယ်။ ယူရိုနဲ့ ဖလှယ်ရာမှာလည်း အပြောင်းအလဲ အနည်းငယ်သာရှိပြီး တစ်ယူရိုကို ၁၀၉ ဒသမ ၃၄ ယန်းနှုန်း ရှိခဲ့ပါတယ်။မလေးရှားရင်းဂစ်    မလေးရှားပြည်တွင်း ငွေကြေး ရင်းဂစ်ကို အဝယ်ထိုင်းလာတဲ့အတွက် ရင်းဂစ်ငွေကြေးတန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ မတ် ၁၆ ရက်နေ့က တတိယမြောက်နေ့ အဖြစ် ဆက်တိုက် ကျဆင်းခဲ့ပါတယ်။ရင်းဂစ်တန်ဖိုးက မတ် ၁၅ ရက်ဈေးပိတ်ချိန်မှာ တစ်ဒေါ်လာ ကို ၃ ဒသမ ၀၅၀၀ ရင်းဂစ်ရှိရာမှ ၁၆ ရက်မနက် ၉ နာရီမှာ တစ်ဒေါ်လာကို ၃ ဒသမ ၀၅၄၅ ရင်းဂစ်နှုန်းရှိခဲ့ပါ တယ်။ရင်းဂစ်ငွေကြေးက အခြားသော အာရှငွေကြေးများနဲ့အတူပူးတွဲကျဆင်း ခဲ့တာဖြစ်တယ်လို့ ဝယ်ရောင်းသမား တွေကပြောပါတယ်။    မလေးရှားရဲ့ စက်ရုံတွေရဲ့ထုတ် လုပ်ရေးက ဇန်နဝါရီမှာ ခြောက်လအ တွင်းနှေးကွေးဆုံးဖြစ်လို့ ရင်းဂစ်တန်ဖိုး ကျဆင်းတာဖြစ်ကြောင်း ဝယ်ရောင်း သမားတွေကပြောပါတယ်။တောင်ကိုရီးယားဝမ်    ဒေါ်လာနဲ့ဖလှယ်ရာမှာ တောင် ကိုရီးယားဝမ် ငွေကြေးက မတ် ၁၅ ရက်နေ့ညနေပိုင်းမှာ သီတင်းရှစ်ပတ် အတွင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းခဲ့ ပြီးနောက် ပို့ကုန် လုပ်ငန်းရှင်တွေက ဒေါ်လာများကို ထုတ်ရောင်းကြသဖြင့် ကျဆင်းနေရာမှပြန်တက်လာခဲ့ပါတယ်။ ဝမ်ငွေတန်ဖိုးက ဇန်နဝါရီ ၂၀ ရက်က တစ်ဒေါ်လာကို ၁၁၃၇ ဒသမ ၅၀ ဝမ် နှုန်းရှိခဲ့ရာမှ တစ်ဒေါ်လာကို ၁၁၃၂ ဒသမ ၅၀ ဝမ်နှုန်းထိ ရောက်ရှိခဲ့ပါ တယ်။မတ် ၁၆ ရက်နေ့မှာ ဝမ်ငွေတန် ဖိုးက သုညဒသမ ၆ ရာခိုင်နှုန်းကျဆင်း ပြီးတစ်ဒေါ်လာကို ၁၁၂၄ ဒသမ ၄၀ ဝမ်နှုန်းရှိခဲ့ပါတယ်။ထိုင်းဘတ်    အရှေ့တောင်အာရှမှာ စီးပွားရေး အရဒုတိယအကြီးဆုံးဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ စီးပွားရေးယခုနှစ်အတွင်း တိုးတက်မှု ရှိမယ်လို့ ယုံကြည်ကြတဲ့အတွက် အပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံသူတွေ က ထိုင်းငွေကြေးစာချုပ်စာတမ်းတွေ ပိုမိုဝယ်ယူလာတဲ့အတွက်  နှစ်ရက် ဆက်တိုက်ကျနေတဲ့  ဘတ်ငွေတန်ဖိုး ကမြင့်တက်လာပါတယ်။    ယခုသီတင်းပတ်အတွင်း မတ် ၁၅ ရက်နေ့ထိ ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူတွေက ရှယ်ယာတွေကိုအရောင်းထက်ဒေါ်လာ ၄၂၇ သန်းနဲ့ အစိုးရ ဘွန်းစာချုပ် ဒေါ် လာ ၂ ဘီလီယံကို ပိုမိုဝယ်ယူခဲ့ကြောင်း ထိုင်း ဘွန်းစာချုပ်ဈေးကွက် အသင်းက ထုတ်ပြန်ပါတယ်။    ထိုင်း ဘတ်ငွေတန်ဖိုးက ဗန် ကောက်မှာမတ် ၁၆ ရက်မနက် ၉ နာရီ ၃၉ မိနစ်က သုညဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ဒေါ်လာကို ၃၀ ဒသမ ၇၃ ဘတ်နှုန်းရှိခဲ့သည်။Sources; bloombergs, reuter india, xinhua,bernama ,dowjones,