Main menu

Background

၂၀၁၂ ခုနှစ်မှာ ယွမ်ငွေတန်ဖိုး ကျဆင်းမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိ

Sun, 03/25/2012 - 07:58 -- Anonymous (not verified)

    ၂၀၁၂ ခုနှစ်မှာ ယွမ်တန်ဖိုးကျဆင်းမဲ့ ဖိအားပေးမှုတွေနဲ့ တိုးတက်ရင်ဆိုင်နေရကြောင်းနဲ့ ယွမ်ငွေကို နိုင်ငံခြားငွေ ဝယ်ယူဖို့ အတွက် ထိန်းသိမ်းထားမှုနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးမှု နှစ်ခုစလုံးလည်း ထက်ဝက်ခန့်ကျဆင်းနိုင်ကြောင်း အာဏာ ပိုင်တွေ နီးစပ်သူအကြီးတန်း သုတေသီတစ်ဦးက မတ် ၁၄ ရက်က ပြောပါတယ်။ ဤခန့်မှန်းချက်ကို ဗဟိုဘဏ်က ရရှိခဲ့ ကြောင်း ဗဟိုအစိုးရÓဏ်ကြီးရှင်အဖွဲ့ဖြစ်တဲ့ တရုတ်လူမှုသိပ္ပံ အကယ် ဒမီအဖွဲ့မှ ဘဏ္ဍာရေးဆိုင်ရာ ဘဏ်လုပ်ငန်းအဖွဲ့ ညွှန်ကြားရေးမှူး လျူယူဟိုင်းက ပြောပါတယ်။    "လွန်ခဲ့တဲ့ ၁၀ နှစ်ကနဲ့ နှိုင်းယှဉ်ရင် ယွမ်တန်ဖိုးမြင့်တက် စေမဲ့ ပြည်တွင်းပြည်ပ အခြေအနေတွေ ထူးထူး ခြားခြား ပြောင်းလဲသွားပါတယ်။ ယွမ်တန်ဖိုးတက်ဖို့ချည်းဖြစ်ဖို့ထက် အတက်ရောအကျပါ နှစ်လမ်းသွယ်ဖြစ်ဖို့ ပိုများလာပါ တယ်"လို့ သူကပြောပါတယ်။    ယွမ်ငွေကြေးကို ကိုင်စွဲထားမှုက ဇန်နဝါရီမှာ တိုးတက် လာမဲ့ လစဉ်တိုးတက်မှုနှုန်းက လွန်ခဲ့တဲ့ငါးနှစ်က ယွမ်ဘီလီယံ ၂၅၀ နဲ့ဘီလီယံ ၃၀၀ အကြားရှိခဲ့ပေမဲ့ ၂၀၁၂ ခုနှစ်မှာ ယွမ် ဘီလီယံ ၁၅၀ (ဒေါ်လာ ၂၃ ဒသမ ၇ ဘီလီယံ) အောက် ရောက်ရှိနိုင်တယ်လို့ ပြည်ပမှာဖြစ်ပေါ်နေတဲ့ အခြေအနေ များ နဲ့ပတ်သက်ပြီး သူက ပြောပါတယ်။    လွန်ခဲ့တဲ့ငါးနှစ်အတွင်းမှာ ယွမ်ငွေပိုင်ဆိုင်ထားမှုက ပျမ်းမျှ ၃ ထရီလီယံ ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်မှာ ယွမ် ပိုင်ဆိုင်မှု တိုးတက်နှုန်းက ယွမ် ၁ ဒသမ ၅ ထရီလီယံအထိ ကျဆင်းခဲ့ ပါတယ်။    ပြည်တွင်းအခြေအနေကလည်း ပြောင်းလဲနေတယ်လို့ သူကပြောပါတယ်။ ယခင်ကရှိခဲ့တဲ့ ဘဏ္ဍာရေး တိုးချဲ့မှု ပုံသဏ္ဍာန်က ရှိတော့မှာ မဟုတ်တဲ့အတွက် ပြည်တွင်း အခြေ အနေတွေကလည်း ပြောင်းလဲနေတယ်လို့ သူကပြောပါတယ်။Source.xinhua