Main menu

Background

ယန်းငွေတန်ဖိုး အနည်းငယ် ခိုင်မာနေဆဲဖြစ်

Sun, 03/25/2012 - 07:59 -- Anonymous (not verified)

    တစိတ်တပိုင်းအားဖြင့် ဂျပန်ဗဟိုဘဏ်က ငွေမူဝါဒလျှော့ချမှုများကြောင့် အခြား အဓိကငွေကြေးတွေနဲ့ ဖလှယ်ရာမှာ ယန်းငွေကြေး ကျဆင်းခဲ့ပေမဲ့ တန်ဖိုးမှာ ဆက်လက်ခိုင်မာနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါက မတ် ၁၂ ရက်က ပြောပါတယ်။ယန်းငွေကြေးတန်ဖိုးမြင့်တက်မှုက စီးပွားရေး ဖွံ့ဖြိုးမှုမှာ အဓိက မောင်းနှင်အားဖြစ်တဲ့ နိုင်ငံရဲ့ပို့ကုန်လုပ်ငန်းကိုကြာရှည်စွာဆွဲချထားတဲ့အတွက် ဂျပန် အစိုးရက ယန်းငွေတန်ဖိုး ကျဆင်းအောင် ဆောင်ရွက်နိုင်ကြောင်း ဝန်ကြီးချုပ်ရဲ့ မှတ်ချက် က ညွှန်ပြနေပါတယ်။    "အမေရိကန်ဒေါ်လာတန်ဖိုး ၇၅ ယန်းအဆင့်ကို ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ အောက်တိုဘာနဲ့နှိုင်းယှဉ်ရင် ယန်းငွေတန်ဖိုးက ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ရောင်းလို အားနဲ့ ဝယ်လိုအား အခြေခံတွေကို ထည့်သွင်းစဉ်းစားရင် ခိုင်မာနေဆဲ ဖြစ်ပါတယ်" ဟု လွှတ်တော်ဆွေးနွေးပွဲမှာ နိုဒါက ပြောပါတယ်။    ဂျပန်ငွေကြေးတန်ဖိုးက ဖေဖော်ဝါရီအတွင်းမှာ စံချိန်တင်ဈေးနှုန်းဝန်းကျင်မှာ ဝဲလည်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဂျပန်ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁၄ ရက်မှာ ငွေကြးမူဝါဒကို မမျှော်လင့်ဘဲလျှော့ချပေးခဲ့တဲ့ အတွက်နဲ့ အမေရိကန် စီးပွားရေး နာလန်ထူနေပြီဖြစ်တဲ့အတွက် မကြာသေးမီက ယန်းငွေတန်ဖိုး ကျဆင်း ခဲ့ပါတယ်။ နိုင်ငံရဲ့ အလုပ်အကိုင်ရရှိမှု ဈေးကွက်က နာလန်ထူမှု လမ်း ကြောင်းကို ရောက်ခဲ့ပြီးနောက် လွန်ခဲ့သော ဧပြီ ဒေါ်လာငွေကြေးတန်ဖိုးက ယန်းနဲ့ ဖလှယ်ရာ တွင် နယူးယောက်ဈေးကွက်မှာ မတ် ၁၁ ရက်က မြင့်တက်ခဲ့ပါတယ်။Source.Mainichi Japan