နိုင်ငံတော်သီးနှံဖူလုံ ဘေးကင်းစိတ်ချရမှုအတွက် အကာအကွယ်ပေးတဲ့အနေနဲ့ တရုတ်နိုင်ငံက သီးနှံဥပဒေကို စတင်အကောင်အထည်ဖော်

    တရုတ်အစိုးရမှ နိုင်ငံအတွင်း သီးနှံထုတ်လုပ်မှု မြှင့်တင်ဖို့နဲ့ နိုင်ငံရဲ့ သီးနှံဖြန့်ဖြူးရေးနဲ့ ဘေးကင်းလုံခြုံရေးကို  အကာ အကွယ်ပေးဖို့ရည်ရွယ်ပြီး၊ သီးနှံဥပဒေသစ်တစ်ရပ်အတွက် မူကြမ်းတစ်ခု ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော် ဖွံ့ဖြိုးရေးနဲ့ ပြန်လည်ထူထောင်ရေးကော်မရှင်၊ ပြည်နယ်သီးနှံကာကွယ်ရေးနဲ့ အခြားသက်ဆိုင်ရာဌာနများက မူကြမ်းကို ပူးပေါင်းပြင်ဆင်ခဲ့ပြီး ၂၀၁၂ မတ်လ ၃၁ ရက်မတိုင်မီ မူကြမ်းနဲ့ ပတ်သက်လို့ အများပြည်သူ့ရဲ့ အကြံဉာဏ်များ ဖိတ်ခေါ် ထားတဲ့ နိုင်ငံတော်ကောင်စီရဲ့ ဥပဒေပြုရေးရာရုံးကို ပေးအပ်ထားတယ်လို့ သိရပါတယ်။    တင်ပြထားတဲ့ သီးနှံဥပဒေဟာ တရုတ်လူမျိုး ၁ ဒသမ ၃ ဘီလီယံနီးပါးအတွက် အဓိကစားနပ်ရိက္ခာ အဖြစ်ရပ်တည်နေ တဲ့ တရုတ်ဆန်စပါးအတွက် အဓိကကျတဲ့ အချက်အလက်များ ပါဝင်နိုင်ပြီး နိုင်ငံရဲ့အသက်နဲ့ ယဉ်ကျေးမှုရဲ့ အစိတ် အပိုင်းတစ်ခုလဲဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ အချို့သောသူများက လူထုကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ပြောကြတဲ့ စပ်မျိုးစပါးမျိုးစေ့များ လွှမ်းမိုးနေတဲ့ တရုတ်ဆန်စပါးဈေးကွက်ကို စိုးရိမ်မှုတွေ တိုးတက်နေတယ်လို့ သိရပါတယ်။    များစွာသော ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုများမှာ အဓိကထား ဆွေးနွေးကြရာမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပြီး၊ သဘာ၀ ပတ်ဝန်းကျင်၊ ငွေကြေးဆိုင်ရာ ပြဿနာကို ဖြစ်စေနိုင်တဲ့ တရုတ်စားသောက်ကုန် ဈေးကွက်မှ မျိုးရိုးဗီဇမြှင့်တင် ဆောင်ရွက်တဲ့စပါးများ ထုတ်လုပ်နေတဲ့ အစိုးရအပေါ် ဖိအားများပေးလျက်ရှိပါတယ်။ မကြာသေးခင် ကလည်း တရုတ်နိုင်ငံဟာ စီးပွားဖြစ်စားနပ်ရိက္ခာရောင်းချမှုအတွင်း မျိုးရိုးဗီဇမြှင့်ဆန် ဖြန့်ဖြူးမှုကို ဟန့်တားခဲ့ပါတယ်။လဝန်း၊Source: oryzq.com