ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ FAQ များ အရောင်းအဝယ် ပိုဖြစ်ကြောင်း သိရပါတယ်။ SQ အဟောင်းမှာ ယခင်နှစ် ရေနာပဲများပါဝင်ပြီး ယခင်နှစ် မတ်ပဲဟောင်း FAQ များသာ ဝယ်လက် ကြိုက်ဈေးတွေ့လို့ အောက်ဈေးနဲ့ အဝယ်လိုက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မတ်ပဲအသစ်မှာလည်း FAQ နဲ့ SQ ဈေးကွာဟမှုက ယခင်နှစ်များထက်နည်းတာ ကြောင့် အရည်အသွေးကောင်းတဲ့ ျှ အသစ်ကို ဝယ်ယူမှုရှိနေတယ်လို့ ကုန်သည် တစ်ဦးက ဆိုပါတယ်။ FOB ဈေးကွက်မှာ မတ်လ ၁၆ ရက်မှ ၂၂ ရက်နေ့အထိ SQ ၊ FAQ စုစုပေါင်း တန်ချိန် ၁၂၀၀၀ ကျော် ပြည်ပအရောင်းအဝယ် စာချုပ် နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း မတ်ပဲအရောင်းအဝယ် သွက်ပေမဲ့ FOB ဈေးအနေနဲ့ ယခင်တစ်ပတ်ထက် လျော့ကျခဲ့ပါတယ်။ FAQ(အဟောင်း) FAQ(အသစ်) SQ(အဟောင်း) SQ(အသစ်)၂၃-၃-၂၀၁၂ ၄၈၀-၅၀၀ ၅၁၀-၅၃၀ ၅၂၀-၅၄၀ ၅၉၀-၆၀၀၁၆-၃-၂၀၁၂ ၄၉၀-၅၁၀ ၅၃၀-၅၅၀ ၅၃၀-၅၅၀ ၅၉၀-၆၁၀MIRT(MAPT)
Background