Main menu

Background

ပြည်ပကို ပဲစင်းငုံ တင်ပို့မှု ပုံမှန်ရှိလာ

Sun, 03/25/2012 - 08:54 -- Anonymous (not verified)

    ပြည်ပကို ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခင်သီတင်းပတ်ထက် ပိုပြီး တန်ချိန် ၇၅၀၀ ကျော်ထိ ပုံမှန်ပမာဏနဲ့ တင်ပို့မှုရှိလာပါတယ်။ ယခင် သီတင်းပတ်က ပဲစင်းငုံတန်ချိန် ၆၀၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခု ဘဏ္ဍာနှစ် မတ်လ ၁၆ ရက်နေ့အထိ ပဲစင်းငုံ စုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် သုံးသိန်းကျော်ပြီဖြစ်ပြီး ယခင်နှစ်ကာလတူမှာ တန်ချိန် ၁၄၀၀၀၀ ခန့်သာရှိလို့ ယခုနှစ်မှာ တစ်ဆကျော် ပမာဏအားဖြင့် တန်ချိန် ၁၆၀၀၀၀ ကျော် ပိုမိုတင်ပို့ နိုင်ကြောင်း သိရပါတယ်။ လက်ရှိအရောင်းအဝယ်ဖြစ်မှု အခြေအနေအရေ လာမယ့် သီတင်းပတ်မှာလဲ ပုံမှန်ပမာဏအတိုင်း တင်ပို့နိုင်မယ်လို့ ခန့်မှန်းရပါတယ်။MIRT - MAPT