Main menu

Background

ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံကို အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်

Sun, 03/25/2012 - 08:55 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်အတွင်း ပဲစင်းငုံကို အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ ပဲစင်းငုံတင်ပို့မှု ယခင်နှစ်ထက် ၁ ဆကျော်ပိုမိုပေမဲ့ ပြည်တွင်းလက်ကျန် ပဲဟောင်းတွေရှိနေပြီး ရောင်းလိုအားများတာကြောင့် ဈေးမြင့်တက်ခြင်းမရှိကြောင်း သိရပါတယ်။ ဒါ့အပြင် အိန္ဒိယမှာလည်း ယခုနှစ် ပဲစင်းငုံအထွက်လျော့ပေမဲ့ ယခင် နှစ်လက်ကျန်များလဲ ကျန်နေတာကြောင့် ပြည်ပက တင်သွင်းနေရပေမဲ့ ဈေးမြင့် ပေးဝယ်ယူမှုမရှိခြင်းဖြစ်ကြောင်း ကုန်သည်များမှ သုံးသပ်ကြပါတယ်။    လတ်တလောမှာ ပဲစင်းငုံအသစ်နဲ့ အဟောင်းဈေးက တစ်တန် ကန်ဒေါ်လာ ၇၀-၁၂၀ ထိ ကွာဟမှုရှိပေမဲ့ သြင်္ကန်အပြီးမှာတော့ အဟောင်းနဲ့ အသစ် ဈေး ကွာဟမှု ကျဉ်းမြောင်းလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အရောင်းအဝယ် အသင့် အတင့်ရှိပေမဲ့ ရန်ကုန် FOB ဈေးကတော့ ငြိမ်နေတာ တွေ့ရပါတယ်။ မတ်လ ၂၃ ရက်မှာ ပဲစင်းငုံနီအသစ် တစ်တန် ကန်ဒေါ်လာ ၅၈၀-၆၀၀၊ ဖြူနီနဲ့ အဖြူ တစ်တန် ကန်ဒေါ်လာ ၄၇၀-၄၈၀၊ ပဲစင်းငုံနီ အဟောင်း တစ်တန် ကန်ဒေါ်လာ ၅၄၀-၅၆၀နဲ့ ဖြူနီ၊ အဖြူ ဈေးမှာ ကန်ဒေါ်လာ ၄၂၀-၄၄၀ ဈေးရှိကြောင်း သိရပါ တယ်။                                                                                                  MIRT - MAPT