Main menu

Background

ပဲလွန်းဖြူအရောင်းအဝယ်ပိုပြီး တင်ပို့မှု တက်နေ

Sun, 03/25/2012 - 09:01 -- Anonymous (not verified)

    ပဲလွန်းဖြူကတော့ ပြည်ပ အရောင်းအဝယ် စာချုပ်မှုလည်း ပို လာသလို ပြည်ပတင်ပို့မှုမှာလည်း ယခင် သီတင်းပတ်များထက် ပိုမိုလာ တာတွေ့ရပါတယ်။ ပင်လယ်ရေ ကြောင်း တင်ပို့မှုအနေနဲ့ မတ်လ ၁၀ ရက်မှ ၁၆ ရက်အတွင်းမှာ ပဲလွန်းဖြူ စုစုပေါင်း တန်ချိန် ၂၇၀၀ ခန့် တင်ပို့မှု ရှိခဲ့လို့ ယခင်တစ်ပတ် တင်ပို့မှုတန်ချိန် ၁၈၀၀ ကျော်ထက် ပိုမိုလာခဲ့ပါတယ်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံများကတော့ ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တူရကီ၊ အီတလီ၊ စပိန်၊ ယူအေအီး၊ အီဂျစ်နဲ့ ပါကစ္စတန် တို့ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာ တင်ပို့တဲ့ နိုင်ငံများလည်း တိုးလာတာ တွေ့ရပါ တယ်။    လက်ရှိဘဏ္ဍာနှစ် မတ်လ ၁၆ ရက်အထိ ပဲလွန်းဖြူ စုစုပေါင်း ပြည်ပ တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၃၁၀၀၀ ကျော် ရှိပြီဖြစ်ပြီး ယခင်နှစ်ကာလ တွေမှာ တန်ချိန် ၂၅၀၀၀ ခန့် တင်ပို့မှုရှိခဲ့တာ တွေ့ရပါတယ်။    ရန်ကုန် FOB ဈေးကွက်မှာလည်း နိုင်ငံစုံကို တင်ပို့ဖို့ အရောင်းအဝယ်ဖြစ် မှု များလာရာ မတ်လ ၁၆ ရက်မှ ၂၂ ရက်အထိ စုစုပေါင်း ၃၈၀၀ ခန့် အရောင်းအဝယ် စာချုပ်နိုင်ခဲ့လို့ ယခင် တစ်ပတ် အရောင်းအဝယ် ဖြစ်ခဲ့တဲ့ တန် ၃၀၀၀ ထက်ပိုမိုခဲ့တာ တွေ့ရပါ တယ်။ နိုင်ငံစုံက ဝယ်လိုအားရှိပြီး အရောင်းအဝယ် သွက်ပေမဲ့ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်အတိုင်း ငြိမ်နေကာ မတ်လ ၂၃ ရက်မှာလည်း FAQ တစ်တန်ကန်ဒေါ်လာ ၆၀၀-၆၈၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT