Main menu

Background

ပဲတီစိမ်းတင်ပို့မှု ယခင်သီတင်းပတ်များထက် ပိုမိုလာ

Sun, 03/25/2012 - 09:02 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ်များထက် ပိုမိုတင်ပို့လာနိုင်ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၂၀၀၀ ခန့် တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (မတ်လ ၁၀-၁၆)အတွင်းမှာ တန်ချိန် ၁၄၃၀၀ ကျော်ထိ ပိုမိုတင်ပို့ နိုင်တာတွေ့ရပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်ရဲ့ မတ်လ ၁၆ ရက်နေ့အထိ ပဲတီစိမ်းစုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၃၃၀၀၀၀ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၅၀၀၀၀ ကျော်ရှိခဲ့လို့ ယခုနှစ် ကာလတူမှာ တန်ချိန် ၈ သောင်း ခန့် ပိုမိုတင်ပို့နိုင်ပြီးဖြစ်ကြောင်း တွေ့ရပါတယ်။ လတ်တလောအရောင်းအဝယ်ဖြစ်မှုအခြေအနေအရ ယခုဘဏ္ဍာနှစ် တစ်နှစ် လုံးမှာ တန်ချိန် ၃၅၀၀၀၀ ကျော်ထိ တင်ပို့နိုင်မယ်လို့ ခန့်မှန်းရပါတယ်။MIRT - MAPT