Main menu

Background

ရန်ကုန် ဈေးကွက်မှာ တစ်ပတ်အတွင်း ပဲတီရွှေဝါဈေး ထူးထူးခြားခြားမြင့်တက် အရောင်းအဝယ်ဖြစ်

Sun, 03/25/2012 - 09:03 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် ပဲတီစိမ်း၊ ပဲတီရွှေဝါကို ထူးထူးခြားခြား အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီရွှေဝါ ခရမ်းစမှာ ဘုရင့်နောင်ဈေးကွက်မှာ တစ်ရက် တစ်သောင်းကျပ်နှုန်းနဲ့ တစ်ပတ်အတွင်း တစ်တန်ကို ကျပ် ငါးသောင်းခန့်အထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အရည်အသွေးမြင့် ဈေးကွက်များ ဖြစ်တဲ့ ထိုင်ဝမ် ဝယ်လက်များမှ အရည်အသွေးကောင်း ခရမ်းစများကို ဈေးပိုပေးဝယ်ယူခဲ့တာကြောင့်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။    မတ်လ ၁၆ ရက်က ၂၂ ရက်အထိ FOB အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ပဲတီရွှေဝါ၊ ပဲတီစိမ်း စုစုပေါင်း တန် ၁၈၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုများပေမဲ့ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ် ထက် အနည်းငယ်အေးခဲ့ပါတယ်။ မတ်လ ၁၆ ရက်မှာ FAQ အညာနဲ့ ပခုက္ကူစမှာ ကန်ဒေါ်လာ ၆၅၀-၆၇၀ နဲ့ ရွှေဝါအကြီးမှာ ကန်ဒေါ်လာ ၇၈၀-၈၀၀ ရှိပြီး မတ်လ ၂၃ ရက်မှာလည်း အညာနဲ့ ပခုက္ကူစမှာ ယင်းဈေးနဲ့ ငြိမ်နေပြီး ရွှေဝါအကြီးမှာ ကန် ဒေါ်လာ ၇၇၀-၇၉၀ ကို လျော့ကျခဲ့ပါတယ်။MIRT - MAPT