မတ်လ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာသုညဒသမ ၂၄၁ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် တန် ၃၄၀ နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်း တန်ဖိုးရှိ ပဲတီစိမ်း လုံးခြမ်း တန် ၂၀ ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက်လုံးပြည့် ၈၂ တန်ခန့်နဲ့ လုံးခြမ်း ၄ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ မိမိဖက်ရော တစ်ဘက် နိုင်ငံမြေပြင်ပေါက်ဈေးများ ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိဘဲ မိမိဘက် မှာ ပဲတီစိမ်း တစ်တန်လျှင် ၅၉၂၇၅၀ ကျပ်နဲ့ တစ်ဘက်နိုင်ငံဈေးမှာ ၈၂၆ ဒေါ်လာဈေး ပေါက်လျက်ရှိပါတယ်။ MIRT (DOBT)
Background