အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲခွဲစက်များနဲ့ ကုန်သည်များမှ အဝယ်အေးနေတာကြောင့် မဟာရပ်ရှတရာနဲ့ ရာဂျက် စသန်ရဲ့ အဓိကဈေးကွက်များမှာ ဒေစီပဲတီစိမ်းဈေးတည်ငြိမ်နေပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းအရည်အသွေး လိုက် ဈေနှုန်းအနိမ့်အမြင့်နဲ့ ရောင်းချလျက်ရှိရာ မွန်ဘိုင်းဈေးကွက် တန်ဇန်းနီးယား (moger) ပဲတီစိမ်းဈေးမှာ တစ်တန် ရူပီး၅၀၀၀၀-၅၁၀၀၀(ကန်ဒေါ်လာ ၉၇၄-၉၉၃) ရှိပြီး မြန်မာပဲတီရွှေဝါဈေးမှာ ရူပီး ၄၅၀၀၀-၄၆၀၀၀ (ကန်ဒေါ်လာ ၈၇၆-၈၉၅) ဈေးရှိကြောင်း သိရပါတယ်။ နဗားရှီးဗားဆိပ်ကမ်းမှာ ဧပြီ၊ မေလ သင်္ဘောတင် မြန်မာပဲတီရွှေဝါဈေးမှ တစ်တန် ၁၀ ဒေါ်လာပိုပြီး CNF ကန်ဒေါ်လာ ၈၄၀-၈၄၅ ရှိကြောင်းသိရပါတယ်။ မတ်လ ၁၆ ရက်မှ ၂၁ ရက်အထိ JNPT ကို ပြည်ပ ပဲတီစိမ်းဝင်ရောက်မှုမှာ မြန်မာပဲတီစိမ်းကွန်တိန်နာ ၁၀၁ လုံး၊ တန်ဇန်းနီးယား ပဲတီစိမ်း ၅ လုံးနဲ့ သြစတြေးလျ ပဲတီစိမ်း ၅ လုံး ဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးကွက်အတွင်းဖြစ်ေ ပါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/ တန် ၂၂-၃-၂၀၁၂ ၂၁-၃-၂၀၁၂ ၂၀-၃-၂၀၁၂ ၁၉-၃-၂၀၁၂ဒေလီ ၅၂၈-၆၆၂ ၅၂၇-၆၆၁ ၅၂၇-၆၆၂ ၅၂၈-၆၆၂ဘီကနာ ၅၅၃-၆၁၂ ၅၅၇-၆၁၆ ၅၅၇-၆၁၇ ၅၅၈-၆၁၈အာကိုလာ ၇၉၀-၈၃၀ ၇၉၅-၈၃၅ ၇၉၆-၈၃၆ ၇၉၇-၅၃၇MIRT(MAPT)
Background