Main menu

Background

မြန်မာ့ပဲမျိုးစုံကို အိန္ဒိယ၊ စင်ကာပူနှင့် တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့်မားသဖြင့် ယခင်နှစ်တင်ပို့မှုထက် ၁၇ ရာခိုင်နှုန်းတိုးတက်မည်မျှော်မှန်း

Sun, 03/25/2012 - 09:08 -- Anonymous (not verified)

    ၂၀၁၂ ခုနှစ် ၊ မတ်လမှာ မြန်မာပြည်တွင်းပဲမျိုးစုံဈေးကွက်အများစုမှာ ပဲမျိုးစုံဈေးနှုန်းတွေ အားကောင်းလာတယ်။ ၂၀၁၂ ခုနှစ် ၊ ပထမနှစ်လအတွင်း အိန္ဒိယ ၊ စင်္ကာပူနဲ့ တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့်မားခြင်းကြောင့် ဈေးမြင့်လာကြောင်း၊ အိန္ဒိယမှ အဝယ်ပိုများကြောင်း သိရတယ်။ လက်ရှိမှာ မြန်မာနိုင်ငံမှာ ဆောင်း-နွေဦးပဲတွေ ရိတ်သိမ်းတဲ့ရာသီဖြစ်ရာ မေလမှ စက်တင်ဘာလအတွင်း ပဲတင်ပို့မှုအမြင့်ဆုံးဖြစ်မယ်လို့ ခန့်မှန်းထားတယ်။ ယခုနှစ်ပဲအထွက်နှုန်းကို တန်ချိန် ၄ ဒသမ ၇၇ သန်းလိ့ု ခန့်မှန်းထားရာ ၂၀၁၁ ခုနှစ်ကထက် ၆ ရာခိုင်နှုန်း ပိုမိုမယ်လိ့ု မျှော်လင့်ထားတယ်။ တင်ပို့မှုကိုလည်း တန်ချိန် ၉၂၆၂၁ အထိ ခန့်မှန်းထားရာ ယခင်နှစ်က တင်ပို့မှုတန်ချိန် ၈၁၁၄၅ ထက် ၁၇ ရာခိုင်နှုန်း တိုးတက်မယ် မျှော်မှန်းထားတယ်။    ဒါကြောင့် မြန်မာနိုင်ငံအပါအဝင် ပြည်ပမှ ပဲတင်သွင်းမှုအပေါ် မှီခိုနေရတဲ့ အိန္ဒိယ ပြည်တွင်း ပဲမျိုးစုံ ဈေးကွက် မှာလည်းမတ်လအတွင်းမတ်ပဲ ၊ ပဲတီစိမ်း ၊ ပဲစင်းငုံနဲ့ ကုလားပဲအားလုံး ဈေးမြင့်လာတယ်။ ဈေးကွက်တွေအတွင်း ပဲအဝင် နည်းကာ ရောင်းလိုအားနည်းပြီး ပဲခွဲစက်တွေနဲ့ လှောင်လက်တွေရဲ့ ဝယ်လိုအား မြင့်မားလာခြင်းက ပဲအမျိုးအစားအားလုံးရဲ့ ဈေးနှုန်းကို မြင့်မားစေတယ်လို့ သိရတယ်။     ပဲတီစိမ်း (ဒေစီ) ကို ပဲခွဲစက်တွေနဲ့ ကုန်သည်တွေမှ ဝယ်လိုအားများနေရာ ဈေးမြင့်နေတယ်။ မွန်ဘိုင်း ပဲဈေးကွက်မှာ တန်ဇန်းနီးယားပဲတီစိမ်းဈေးနှုန်းက တစ်ကွမ်တယ်လ်ကို ၃၈၀၀-၃၉၀၀ ရူပီးနဲ့ အရောင်းအဝယ် ဖြစ်နေပြီး မြန်မာပဲတီရွှေဝါမှာ တစ်ကွမ်တယ်လ်ကို ၄၅၀၀-၄၆၀၀ ရူပီးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်။ ကင်ညာ ပဲတီစိမ်းမှာတော့ တစ်ကွမ်တယ်လ်ကို ၄၂၀၀ ရူပီးဖြစ်တယ်လို့ သိရတယ်။ ကုလားပဲဖြူလုံးကြီးကိုလည်း လက်ငင်းဝယ်လိုအားများနေပြီး ပဲအဝင်နည်းနေရာ ဈေးမြင့်လာတယ်။ ဆက်လက်ပြီး ဈေးမြင့်ဦးမယ်ခန့်မှန်းကာ ဝယ်လိုအားများနေကြောင်း သိရတယ်။                    ပပ၊Source:commodities.com, etrademyanmar.com