Main menu

Background

ကုလားပဲဖြူလုံးကြီး အရောင်းအဝယ်သွက်ပြီး တင်ပို့မှု ပုံမှန်ရှိနေ

Sun, 03/25/2012 - 09:10 -- Anonymous (not verified)

    ကုလားပဲဖြူလုံးကြီးကိုအိန္ဒိယနဲ့ပါကစ္စတန်ဝယ်လက်အဝယ်သွက်နေလို့ တင်ပို့မှု လည်း ပုံမှန်ရှိနေပါတယ်။ မတ်လ ၁၀ ရက်မှ ၁၆ ရက်အတွင်း ပင်လယ်ရေကြောင်း က ကုလားပဲစုစုပေါင်း တန် ၂၆၀၀ ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် မတ်လ ၁၆ ရက်အထိ စုစုပေါင်း ကုလားပဲတင်ပို့ပြီးစီးမှုမှာ တန်ချိန် ၇၂၈၀၀ ကျော်ရှိပြီ ဖြစ်ပြီး ယခင်ဘဏ္ဏာနှစ် တစ်နှစ်လုံးမှာ တန်ချိန် ၈၅၀၀ ခန့်သာရှိတာတွေ့ရပါတယ်။    ရန်ကုန် FOB ဈေးကွက်မှာ မတ်လ ၁၆ ရက်မှ ၂၂ ရက်နေ့အထိ ကုလားပဲဖြူ လုံးကြီးနဲ့ ကုလားပဲခွဲခြမ်း စုစုပေါင်း တန်ချိန် ၃၁၀၀ ကျော် အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်ထဲမှာ ပြည်ပဝယ်လက်တွေ အရောင်းအဝယ် သွက်နေလို့ ရန်ကုန် FOB ဈေးလည်း တိုးလာခဲ့ပါတယ်။ ယခင်တစ်ပတ် မတ်လ ၁၆ ရက်က ၤဗျှ တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀ ရှိရာမှ မတ်လ ၂၃ ရက်မှာ ကန် ဒေါ်လာ ၇၄၀-၇၆၀ ဈေးရှိခဲ့ကြောင်း သိရပါတယ်။  MIRT - MAPT