ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်အပတ်က တစ်တင်း ၁၆၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ရှိပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၆၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ပန်းတောင်းနဲ့ ကံမဘက်မှ အဝင်ရှိသလို အောင်လံဘက်မှ လည်း ကုလားပဲများအဝင်ရှိကြောင်း သိရပါတယ်။ ပဲသစ်များ အဝင်များလာပေမယ့် ကုလားပဲ ဈေးမှာ အနည်းငယ်သာ အတက်အကျရှိနေခဲ့ပါတယ်။ ယခင်တစ်ပတ်အတွင်းမှာလည်း ဒေသတွင်း ခွဲစက်သမားနဲ့ ရန်ကုန်ဝယ်လက် သမားများ တစ်နေ့အိတ် ၁၀၀၀ ခန့်အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။လွင်လွင်ဆန်း
Background