အိန္ဒိယနိုင်ငံ ဒေလီဈေးကွက်အတွင်း ကုလားပဲလက်ငင်းဈေးက တစ်တန် ရူပီး ၃၇၂၅၀ (ကန်ဒေါ်လာ ၇၂၇)ဖြစ်နေလို့ ယခင်နှစ်ကာလတူဈေးနဲ့ ယှဉ်ရင် ၃၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်နေပါတယ်။ အဓိက ဈေးမြင့်တက်ရတဲ့ အကြောင်းရင်း ကတော့ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းကို တစ်တန် ရူပီး ၇၀၀၀(ကန်ဒေါ်လာ ၁၃၇) တိုးပြီး၊ ရူပီး ၂၈၀၀၀ (ကန်ဒေါ်လာ ၅၅၈)သတ်မှတ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ လှောင်လက်များနဲ့ ရင်းနှီးမြှုပ်နှံသူများမှ ဝယ်လိုအားတိုးနေတာကြောင့် အရောင်းအဝယ်သွက်နေပါတယ်။ ဧပြီလလယ်မှာ တစ်တန်ရူပီး ၄၀၀၀၀ (ကန် ဒေါ်လာ ၇၈၁)အထိမြင့်တက်ဖွယ်ရှိပြီး၊ အဲဒီဈေးနှုန်းနဲ့ ဆက်ငြိမ်နေတယ်လို့ ဒေလီ ြပေေ ဈေးမှ ကုန်သည်တစ်ဦး ပြောကြားပါတယ်။ မွန်ဘိုင်းဈေးကွက်မှာ ပဲဝါလေး ဈေးက တစ်တန် ရူပီး ၂၂၀၀၀(ကန်ဒေါ်လာ ၄၂၉)နဲ့ ငြိမ်နေပြီး၊ ကန်ပါဈေးကွက်မှာ ရူပီး ၂၂၅၀၀(ကန်ဒေါ်လာ ၄၃၉)ရှိနေကြောင်း သိရပါတယ်။ ကုလားပဲလက်ကျန်မှာ တန်ချိန် ၅၀၀၀၀-၇၀၀၀၀ သာရှိမယ်လို့ ဆိုပါတယ်။ ယခုနှစ် ကုလားပဲ ထုတ်လုပ်မှုက ၁၅ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိပြီး၊ ကုလားပဲ ခွဲခြမ်းထုတ်လုပ်သူများနဲ့ စားသုံးသူများရဲ့ ဝယ်လိုအားကလည်း ၁၀-၁၅ ရာခိုင်နှုန်း ခန့် ကျဆင်းဖွယ်ရှိတယ်လို့ အင်ဒိုရီအခြေစိုက်ကုန်သည်တစ်ဦးက ဆိုပါတယ်။ယမင်းခင်၊Source: economic times
Background