Main menu

Background

ဟိုပုံးချင်းခြောက် အဝင်များလာ

Sun, 03/25/2012 - 09:20 -- Anonymous (not verified)

    ဟိုပုံးချင်းခြောက် (စို) က အဝင်နည်းသွားပြီး၊ ချင်းခြောက်တွေသာ အဝင်များ လာပါတယ်။ အစိုဈေးတွေ မကောင်းတာကြောင့် အခြောက်သာပြုလုပ်ပြီး ဈေး ကွက်ကိုဝင်လာပါတယ်။ ၅ ရက်တစ်ဈေးကို ချင်းခြောက် ပိဿာချိန် ၃ ထောင်- ၄ ထောင် ခန့်အဝင်ရှိနေ ပါတယ်။ ပြီးခဲ့တဲ့အပတ်တွေက တရုတ် ဝယ်လက်တွေဝယ် ပေမဲ့ အခုတော့အဝယ်ရပ်သွားတယ် လို့လည်းသိရပါတယ်။ ဟိုပုံးဈေးကွက်မှာ အများ ဆုံးဝင်တဲ့ ချင်း၊ နနွင်းက နမ့်ခုတ်မြို့နယ်ကဖြစ်ပါတယ်။ ချင်းခြောက်တွေကိုတော့ ပရဆေး ဖော်ဖို့အတွက် ဝယ်ယူေ နတာလို့လည်း သိရပါတယ်။ ချင်း (စို) ဈေးက တစ်ပိဿာ ၃၀၀ ကျပ်ရှိပြီး၊ ပြုတ်ခြောက်လုပ်တဲ့ချင်းက တစ်ပိဿာ ၂၀၀ ကျပ်ဈေးသာရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၅၀၀ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။     အောင်ပန်းဈေးကွက်မှာတော့ ချင်းအဝင်က ပုံမှန်ရှိနေပြီး၊ အရောင်းအဝယ် လည်း ငြိမ်နေတယ်လို့သိရ ပါတယ်။ ချင်းဈေးတွေက ချင်း (စို) တစ်ပိဿာ ၂၀၀ ကျပ်မှ ၃၅၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်က တစ်ပိဿာ ၁၄၀၀ ကျပ်၊ ၁၅၀၀ ကျပ်ဈေးရှိတယ် လို့သိရပါတယ်။                                    ဧဧခိုင်