Main menu

Background

ကျောက်ဆည်နနွင်းတက်ဆို ဈေးကောင်းရ

Sun, 03/25/2012 - 09:42 -- Anonymous (not verified)

    ကျောက်ဆည်ခရိုင်မှာ နနွင်းတက်ကုန်သည်ပွဲစားများ တစ်ရွာဝင်၊ တစ်ရွာထွက် ထော်လာဂျီယာဉ်များနဲ့ လိုက်လံဝယ်ယူပြီး၊ သိုလှောင်နေကြပါပြီ။ ရွာဈေးက တစ်ပိဿာ ၁၀၀၀ ကျပ်၊ ပွဲရုံဈေးတစ်ပိဿာ ၁၁၀၀ ကျပ်နဲ့ ရောင်းဝယ်နေကြရာ ကျောက် ဆည်မြို့ ဧမြကြည်လင်ဈေးရှိ နေလသုခပွဲရုံ၊ အောင်လံထူပွဲရုံ၊ ဗ၁ ပွဲရုံ၊ ဆင်နှစ်ကောင်ပွဲရုံများမှာ နနွင်းတက် တောင်သူများ စည်ကားလျက်ရှိပါတယ်။    " မနှစ်က နနွင်းတက်ပေါ်ချိန်မှာ တစ်ပိဿာ ၂၀၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့တယ်။ ဒီနှစ်မှာ ၉၀၀ ကျပ် - ၁၀၀၀ ကျပ်နဲ့ ဈေးဖွင့်တယ်။ ဒီတစ်ပတ် တရုတ်က အဝယ်လိုက်လာတော့ တစ်ပိဿာ ၁၁၀၀ ကျပ်နဲ့ ဈေးမြင့်ဝယ်ခဲ့တယ်။ အဝါရင့်ရောင်ရှိတဲ့ ကျောက်ဆည်နနွင်းတက်ကို တရုတ်ဝယ်လက်တွေက ပိုနှစ်သက်ကြတယ် "လို့ အောင်လံထူပွဲရုံ ပိုင်ရှင်က ပြောပါတယ်။    "မနှစ်က ဈေးကောင်းတော့ ဒီနှစ်ပိုစိုက်တယ်။ ကျွန်တော်တို့ ကျောက်ဆည်ခရိုင်မှာ စိုက်ဧက ၂၃၀၀ ကျော် စိုက်လာကြ တယ်။ တစ်ဧက အခြောက် ပိဿာ ၉၀၀ - ၁၀၀၀ ကျော် ဝန်းကျင်ထွက်ပါတယ်။ တစ်ဧက စိုက်စရိတ်က ၅ သိန်းဝန်းကျင်ကုန် ပါတယ်။ တစ်ဧကကို ကျပ် ၄ သိန်းဝန်းကျင် မြတ်ပါတယ်။ မနှစ်ကလောက်တော့ မမြတ်ဘူး"လို့ မြစ်သားမြို့နယ် လွန်ကျော် ကျေးရွာတောင်သူတစ်ဦးက ဆိုပါတယ်။                                                                  ကျော်ဦး