Main menu

Background

ငြိမ်သက်နေဆဲ ဒေါ်လာဈေးကွက်

Sun, 03/25/2012 - 10:23 -- Anonymous (not verified)

ယခုတစ်ပတ်တွင် အမေရိကန်ဒေါ်လာဈေးကွက်သည် ထူးထူးခြားခြား ဈေး အပြောင်းအလဲမရှိခဲ့ဘဲ ငြိမ်သက်နေခဲ့သည်ကို တွေ့ရသည်။ ကြားဖြတ်ရွေးကောက် ပွဲ နီးလာသည့်အတွက်လည်း ယခုကဲ့သို့ ဒေါ်လာဈေးကွက်ငြိမ်သက်နေရခြင်းဖြစ် သည်ဟုလည်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။"ဒီတစ်ပတ်မှာ ဒေါ်လာဈေးက တကယ့်ကို ထူးထူးခြားခြား ငြိမ်သက်နေတာ ပါ။ ပြီးခဲ့တဲ့အပတ်ကတည်းက  ငြိမ်နေတဲ့ဈေးက ဒီတစ်ပတ်အထိအောင်ကို လိုက် လာတာ။ ဒါပေမယ့်လည်း အခုကတော့ ကြားဖြတ်ရွေးကောက်ပွဲက နီးလာပြီလေ။ ဘာတွေဖြစ်လာ ဦးမလဲဆိုတာ စောင့်ကြည့်နေကြတော့ ဒေါ်လာအရောင်းအဝယ် က အနည်းငယ်လောက်ပဲရှိခဲ့တာ။ အရောင်းအဝယ်  မသွက်တဲ့အခါ ကျတော့ ဈေးက မလှုပ်တော့ဘူး။ ငွေလဲတဲ့သူတွေကလည်း အပြင်မှာလဲကြတာထက် စင်တာ တွေမှာပဲ သွားလဲနေကြတာများ တယ်။ အပြင်မှာ ကတော့ စင်တာမှာလဲလို့မရတဲ့ငွေ ကိုပဲ လာလဲကြတာ။ အဲဒါကျတော့ အောက်ဈေးနဲ့လဲပေးရတာ။ တစ်ဒေါ်လာကို ၁၀/၂၀ လောက်ခွာပြီး လဲပေးတာမျိုးပါ။ စင်တာတွေမှာက ဒါမျိုးမလုပ်သေးတော့ ကျွန်တော်တို့ အပြင်ကပွဲစားတွေ စားသာနေတာပေါ့"ဟု ဒေါ်လာပွဲစားတစ်ဦးက ဆိုသည်။အမေရိကန် ဒေါ်လာဈေးကွက်သည် ပြီးခဲ့သည့် မတ် ၁၉ရက်က ရောင်းဈေး ၈၂၇ကျပ် ဝယ်ဈေး ၈၁၃ ကျပ်ဖြင့် ငွေလဲစင်တာများတွင် လဲလှယ်ပေးလျက်ရှိ သော်လည်း မတ် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ရောင်းဈေး ၈၂၉ ကျပ် ဝယ်ဈေး ၈၁၅ကျပ်ဖြင့် ဈေးအနည်းငယ်မြှင့်ကာ လဲလှယ်ပေးလျက်ရှိသည်ကို တွေ့ရသည်။ပုဂ္ဂလိကဘဏ်ကြီးတစ်ခုတွင်မူ ငွေလဲစင်တာများထက် အနည်းငယ်လျော့ကျ ကာ ရောင်းဈေး ၈၂၀ ကျပ် ဝယ်ဈေး ၈၀၅ ကျပ်ဖြင့် ဒေါ်လာ ၁၀၀၀၀ အထိ လဲလှယ်ပေးလျက်ရှိသည်ကို တွေ့ရသည်။ အဆိုပါဘဏ်တွင် မတ် ၂၃ ရက်၌ ရောင်းဈေး ၈၂၅ ကျပ်သို့ ဈေးတက်လာသော်လည်း ဝယ်ဈေးမှာမူ အပြောင်း အလဲမရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ်အတွင်းတွင် ပို့ကုန်ဝင်ငွေဈေးနှုန်းမှာ မတ် ၁၉ ရက်တွင် ၈၃၉ကျပ်သာရှိခဲ့သော်လည်း မတ် ၂၃ ရက် ဈေးပိတ်ချိန်တွင် ၈၅၁ ကျပ်သို့ မြင့်တက်ခဲ့သည်ကို တွေ့ရသည်။                   မယ်သီတာ