ဘိလပ်မြေတန်ချိန် ကိုးသောင်းကျော်တင်သွင်း ပြည်တွင်းဈေးကွက်ကို မတ် ၁၁ ရက်မှ ၁၇ ရက်တာကာလအတွင်း ဘိလပ် မြေတန်ချိန် ၉၁၉၉၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခုနစ်ဆယ့်ခုနစ်သိန်း ကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်တင်သွင်းခဲ့တဲ့ ဘိလပ်မြေမှာ ဆင်တံဆိပ် ဘိလပ်မြေ ၄၂၇၈၄ ဒသမ ၈၅ တန်၊ စိန်တံဆိပ်ဘိလပ်မြေ ၁၆၆၀၀ တန်နဲ့ အခြားဘိလပ်မြေ ၃၂၆၀၇ ဒသမ ၁၅ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအဝင် ကတန်ချိန် တစ်သိန်းသုံးသောင်းေ ကျာ်ရှိခဲ့တာကြောင့် ဒီတစ်ပတ် ဘိလပ်မြေအဝင် နဲ့ယှဉ်ရင် တန်ချိန် သုံးသောင်းရှစ်ထောင်ကျော် လျော့နည်းပြီး တင်သွင်းခဲ့တာတွေ့ ရပါတယ်။ MIRT (DOT)ဘိလပ်မြေ တန် ၃၂၀၀ ကျော် တင်သွင်းမှုရှိ မတ် ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၆၃ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၃၂၄၉ တန်ခန့် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုကတော့ ကန်ပိုက်တီးမှ ၁၃၃၇ တန်၊ တာချီလိတ်မှ ၁၀၆၇ တန်၊ ချင်းရွှေဟော်မှ ၂၄၂ တန်၊ မြိတ်မှ ၄၇၄ တန်၊ မောင်တောမှ ၁၂၉ တန်ကျော် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၈၂၄ တန် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOBT)အရောင်းပုံမှန်လေးနဲ့ ပြောင်းလဲမှုမရှိတဲ့ ဘိလပ်မြေဈေးကွက်မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာ မြင်းခေါင်းတံ ဆိပ်ဘိလပ်မြေက ယခင်တစ်ပတ်ထက် ငါးဆယ်ကျပ်ဈေးကျပြီး ဆင်(ထိုင်း)က ငါးဆယ်ကျပ်ဈေးမြင့် လာပါတယ်။ ကြံ့ မြိုင်ကလေးက ယခင်ဈေးအတိုင်းရှိတယ်လို့ သိရပါတယ်။ မြင်းခေါင်းဘိလပ်မြေက တစ်အိတ် ကို ၂၉၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေက ၅၀၀၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး) က တစ်အိတ်ကို ၄၁၀၀ ကျပ်ဖြစ် ကြောင်း သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ယခင်တစ်ပတ်ဈေးအတိုင်း ပြောင်း လဲမှုမရှိဘဲ ပုံမှန်လေးအရောင်းရှိနေတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး ကဆိုပါတယ်။ ဈေးကလည်း အပြောင်းအလဲမရှိဘဲ ငြိမ်နေတယ်လို့ သိရပါတယ်။ စိန်(ယိုးဒယား)က ၇၄၀၀ ကျပ်၊ ခြင်္သေ့က ၅၀၀၀ ကျပ်၊ မြို့တော်က ၄၅၀၀ ကျပ် နဲ့ နဂါးက ၅၄၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဘိလပ်မြေဈေးက ငြိမ်နေတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဈေးငြိမ်ပေမယ့် အရောင်းက ပုံမှန်ရှိတယ်လို့ ပြောပါတယ်။ ဆင်မင်း(ကျောက်ဆည်)နဲ့ မြင်းခေါင်းက တစ်အိတ်ကို တစ်ရာကျပ် ဈေးတက်ပြီး ကျန်ဘိလပ်မြေတွေက ယခင်တစ်ပတ်ဈေးအတိုင်း အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ အေသုံးလုံးက တစ်အိတ်ကို ၅၃၀၀ ကျပ်၊ မြန်မာဆင်က တစ်အိတ်ကို ၅၀၀၀ ကျပ်၊ ဆင် (ထိုင်း) က တစ်အိတ်ကို ၅၉၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်) တစ်အိတ်ကို ၄၉၀၀ ကျပ်၊ ကျားခေါင်းက ၅၂၀၀ ကျပ်နဲ့ မြင်း ခေါင်းတစ်အိတ် ၄၇၀၀ ကျပ်ဈေး အသီးသီးရှိကြောင်း သိရှိရပါတယ်။ မကွေးဘိလပ်မြေဈေးကွက်မှာ အရောင်းပုံမှန်ရှိတယ်လို့ သိရပါတယ်။ အရောင်းပုံမှန်ရှိပေမဲ့ ဈေးက ငြိမ်နေတာ လေး၊ ငါးပတ်ဆက်တိုက်ရှိနေတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဆင်(ထိုင်း)နဲ့ မြင်းခေါင်းကို အသုံး များလို့ ဒီနှစ်မျိုးပဲ ဆိုင်တွေမှာလည်းအရောင်းများတယ်လို့ သိရပါတယ်။ ဆင်(ထိုင်း) က တစ်အိတ်ကို ၅၉၀၀ ကျပ်နဲ့ မြင်းခေါင်းက တစ်အိတ်ကို ၄၂၀၀ ကျပ်ဈေးရှိ တယ်လို့ စုံစမ်းသိရှိရပါတယ်။ ရန်ကုန်ဘုရင့်နောင် ဘိလပ်မြေဈေးကွက်အတွင်းမှာ ဘိလပ်မြေအရောင်း က သွက်နေတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ အရောင်းသွက်ပေမဲ့ ဈေးကတော့ ယခင်တစ်ပတ် ဈေးအတိုင်းငြိမ်နေတယ်လို့ ပြော ပါတယ်။ စိန်တံဆိပ်နဲ့ ဆင်တံဆိပ်က တခြားတံဆိပ်တွေထက် ပိုပြီး အမှာရှိတယ်လို့ သိရပါတယ်။ ကျောက်ဆူးကတော့ ဒီတစ်ပတ်ဈေးကွ က်ထဲမှာ ပစ္စည်းပြတ်နေတယ် လို့ သိရပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင်(ထိုင်း) ၄၈၅၀ ကျပ်၊ စိန်(ထိုင်း) ၄၇၅၀ ကျပ်၊ မောင်းတိန်းက ၄၅၀၀ ကျပ်၊ ကျောက်ဆူးက ၄၅၀၀ ကျပ်၊ Blue Lion ၄၅၀၀ ကျပ် နဲ့ မြင်းခေါင်း ၃၈၀၀ ကျပ်ဖြစ်ကြောင်း သိရပါတယ်။ MIRT (DOT)
Background