Main menu

Background

နယ်စပ်မှ နှမ်းဖြူ/နက် အပို့ သိသိသာသာပိုမို

Mon, 03/26/2012 - 08:20 -- Anonymous (not verified)

    မူဆယ် ၁၀၅ မိုင်မှကန်ဒေါ်လာ၁ ဒသမ ၁၂၉ သန်းတန်ဖိုးရှိ နှမ်းနက် ၇၇၈ တန်ကျော်နဲ့ ကန်ဒေါ်လာ သုညဒသမ ၁၈၁ သန်း တန်ဖိုးရှိ နှမ်းဖြူ ၁၃၉ တန်ခန့်ကို မတ်လ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ နှမ်းဖြူ (အခွံချွတ်) တင်ပို့နိုင်ခြင်းမရှိပေမဲ့ နှမ်းနက် ၂၄၆ တန်နဲ့ နှမ်းဖြူ တန် ၇၀   ယခင်အပတ်ကထက် သိသိသာသာ ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ကန်ပိုက်တီးနယ်စပ်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၄၅ သန်း တန်ဖိုးရှိ နှမ်းနီ ၃၆ တန်ခွဲ ယခုအပတ်မှာ တင်ပို့မှုရှိတဲ့အတွက် ယခင်အပတ်ကထက် ၈ တန်ခန့် တင်ပို့မှုပိုမိုခဲ့ပါတယ်။ နှစ်ဖက်မြေပြင် နှမ်းပေါက်ဈေးများပြောင်းလဲမှုမရှိဘဲ ယခင်အပတ်အတိုင်း တည်ငြိမ်လျက် ရှိနေပါတယ်။ နှမ်းဖြူတစ်တန်လျှင် မိမိဘက်ဈေးမှာ ၉၇၀၅၇၁ ကျပ်နဲ့ နှမ်းနက် တစ်တန် လျှင် ၉၃၁၇၆၀ ကျပ်၊ တစ်ဘက်မြေပြင်ဈေးမှာ နှမ်းဖြူတစ်တန် ၁၂၇၀ ဒေါ်လာနဲ့ နှမ်းနက် ၁၃၄၉ ဒေါ်လာ အသီးသီး ပေါက်နေပါတယ်။                                                                                                                                 MIRT (DOBT)