Main menu

Background

ပြည်တွင်း နို့ဆီ လက်လီဈေးများ

Mon, 03/26/2012 - 08:16 -- Anonymous (not verified)

ဒွန်း၊ မာရီဂိုးနဲ့ အိုကေတံဆိပ်  နို့ဆီများဝင်    သီတင်းတစ်ပတ်ဖြစ်တဲ့  မတ် ၁၁ ရက်မှ ၁၇ ရက်တာကာလအတွင်း နို့ဆီ ၅၈၇ ဒသမ ၅၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ  ခြောက်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်မှာ မာရီဂိုး နို့ဆီ ၁၃၇ ဒသမ ၀၃ တန်၊ အိုကေတံဆိပ် နို့ဆီ ၃၃၆ ဒသမ ၃၀ တန်နဲ့ ဒွန်းတံဆိပ် နို့ဆီ ၁၁၄ ဒသမ ၂၀ တန်အသီးသီး မှာယူတင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ် နို့ဆီတင်သွင်း မှုက တန်ချိန် နှစ်ရာ့ငါးဆယ်ကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ ယခင်တစ် ပတ်တန်ချိန်ထက် ၁ ဆကျော် ပိုမိုတင် သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။  နို့စိမ်းက ဒီတစ်ပတ်မှာ တင်သွင်းခြင်းမရှိခဲ့ပါဘူး။နို့မှုန့်က ဒီတစ်ပတ်မှာ စင်ကာပူ နိုင်ငံမှ ၄၈ ဒသမ ၅၈ တန်၊ နယူးဇီလန် နိုင်ငံ မှ ၅၂ တန်၊ USA  မှ ၉ ဒသမ ၁၆၆ တန်၊ သြစတြေးလျမှ ၆၄ တန်၊ ဖိလစ်ပိုင်နိုင်ငံမှ သုည ဒသမ ၅၇၃ တန်နဲ့ မလေးရှားနိုင်ငံမှ ၂၁ ဒသမ ၈၅ တန်၊ စုစုပေါင်း ၁၉၆ ဒသမ ၁၆ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်တစ်တန်ကျော်သာ တင်သွင်းခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်တင်သွင်းမှု ပိုခဲ့ပါတယ်။                MIRT (DOT)ကော့သောင်းမှ နို့စိမ်းအသွင်းသာရှိမြန်မာ-ထိုင်း နယ်စပ်ရှိ ကော့ သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၇၉ သန်း တန်ဖိုးရှိ နို့စိမ်း ၈၁ ဒသမ ၅၃ တန်၊ (၄၃၀၀ တာ)ကို မတ် ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအသွင်း ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တာ ၁၇၀၀ ပိုမိုတင်သွင်းတာ  တွေ့ရပါ တယ်။ ယခုအပတ်ရဲ့ ထူးခြားမှုကတော့ နို့ဆီ တန် ၂၀ (၁၀၉၀ တာ) နဲ့ နို့စိမ်း ၅ ဒသမ ၆၈ တန် (၃၀၀ တာ) ကို မူဆယ်နယ်စပ်မှ တစ်ဖက်နိုင်ငံသို့ အပို့ ရှိခဲ့ပါတယ်။ ယခုအပတ်မှာ နို့ဆီနဲ့ နို့မှုန့် တင်သွင်းမှုမရှိပါ။     MIRT (DOBT)ပြည်တွင်း နို့ဆီ လက်လီဈေးများ               နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်  နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး  ရန်ကုန် မန္တလေး ဒွန်း (နို့ဆီ)    650  680 ဒွန်း (နို့စိမ်း)          620   625 ဝမ်းတီးနို့ဆီ        630  660  အိုကေ(နို့ဆီ)   600   610 အိုကေ (နို့စိမ်း)  600    600