နယ်ကုန်သည်လက်ထဲမှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ နှမ်းရောင်စုံကို ပြည်ပတင်ပို့မှုဆက်ရှိနေသေးတာ တွေ့ရပါတယ်။ ယခင်တစ်ပတ်ကနှမ်းတန်ချိန် ၂၉၀ ခန့်သာတင်ပို့မှုရှိခဲ့ပြီးယခုတစ်ပတ်(မတ်လ၁၀-၁၆ ရက်) အတွင်းမှာတော့ တန်ချိန် ၉၄၀ ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ကိုရီးယား၊ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံ တို့ ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် မတ်လ ၁၆ ရက်နေ့အထိ နှမ်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၁၁၅၀၀၀ ခန့် ရှိပြီး ယခင်နှစ် ကာလတူမှာ တန်ချိန် ၈ သောင်းနီးပါးသာ တင်ပို့ခဲ့လို့ ယခုနှစ်ကာလတူမှာ ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ် တွေမှာလည်း လက်ကျန်နှမ်းများ ဆက်လက်တင်ပို့နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းရပါတယ်။ MIRT - MAPT
Background