ရာသီဥတုမသာယာခြင်း၊ ဈေးကွက်အခြေခံအဆောက်အဦးမရှိခြင်းနဲ့ ဈေးနှုန်းအတက်အကျများခြင်းတို့ ကြောင့် ၂၀၁၁-၁၂ အိန္ဒိယနိုင်ငံရဲ့ မြေပဲ စိုက်ဧရိယာက ၁၁ ရာခိုင်နှုန်းကျဆင်းပြီး၊ ဟက်တာ ၅ ဒသမ ၁၉ ရာခိုင်နှုန်းသာ စိုက်ပျိုးနိုင်မယ်လို့ မတ်၂၀ မှာ စိုက်ပျိုးရေးဝန်ကြီး ရှရတ်ပါဝါက ပြောကြားပါတယ်။ ၂၀၁၀-၁၁ (ဇူလိုင်-ဇွန်)ရာသီအတွင်းမှာ မြေပဲ ဟက်တာ ၅ ဒသမ ၈၅ သန်းရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ မကြာသေးခင်နှစ်များအတွင်း စိုက်ဧရိယာကျဆင်းရခြင်း အဓိကအကြောင်းရင်းများကတော့ရာသီဥတု ပုံမမှန်ခြင်း၊ အထူး သဖြင့် အဓိက စိုက်ပျိုးတဲ့ ပြည်နယ်များမှာ ခြောက်သွေ့လွန်းခြင်းကြောင့် ဖြစ်တယ်လို့ ပါဝါက ဆိုပါတယ်။ ပိုးကျရောက်မှု ကြောင့် ပျက်စီးခြင်း၊ ဈေးကွက်အခြေခံအဆောက်အဦမရှိခြင်းနဲ့ ဈေးနှုန်းအတက်အကျ မြင့်မားခြင်းတို့က စီးပွားရေးမရေရာမှုကို ဖြစ်စေ လို့ အခြားသီးနှံများထက် စိုက်ပျိုးမှုကျဆင်းလာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဂူဂျာရက်ဟာ မြေပဲအဓိက ထုတ်လုပ်ရာ ပြည်နယ် ဖြစ်ပါတယ်။ မြေပဲအပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးဖို့ တောင်သူများကိုအားပေးဖို့ အစိုးရက ဆီထွက်သီးနှံစိုက်ပျိုးတဲ့ ၁၄ ပြည်နယ်၊ ပြောင်းစိုက်ပျိုးတဲ့ ၁၅ ပြည်နယ်နဲ့ ဆီအုန်းစိုက်ပျိုးတဲ့ ၉ ပြည်နယ်မှာ ဆီထွက်သီးနှံ၊ ဆီအုန်းနဲ့ ပြောင်းတိုးချဲ့စိုက်ရေး အစီအစဉ် (ISOPOM_ကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒုတိယအကြိမ်ခန့်မှန်းချက်အရ ဆီထွက်သီးနှံ ထုတ်လုပ်မှုဟာ ယခင်နှစ်က တန်ချိန် ၃၂ ဒသမ ၄၇ သန်းရှိရာမှ ၂၀၁၁-၁၂(ဇူလိုင်-ဇွန်)အတွင်း တန်ချိန် ၃၀ ဒသမ ၅၂ သန်းကို ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ယမင်းခင်၊Source: business standard
Background