ပြည် ပဲပုပ်ဈေးကွက်မှာ ပဲပုပ် လက်ကျန်များ အရောင်းအဝယ် နေ့ စဉ် မဖြစ်ဘဲ တစ်ခါတစ်ရံမှသာ ရောင်း ဝယ်မှု ရှိခဲ့ကြပါတယ်။ လက်လီသမား အနည်းငယ်သာ ရောင်းဝယ်မှုရှိခဲ့ပြီး၊ လက်ကားဝယ်လက်များမှ ဝယ်ယူမှုရှိ လာတဲ့အခါ အိတ် ၄၀၀ ကျော် ရောင်း ဝယ်နိုင်ခဲ့ကြပါတယ်။ ပဲပုပ်ဈေးမှာ တစ်တင်း ၁၄၅၀၀ ကျပ်နဲ့ ယခင် အပတ်က အတိုင်း ဈေးငြိမ်လျက်ရှိခဲ့ ပါတယ်။ ပဲပုပ်ဈေးနှုန်းများမှာ ဖေဖော် ဝါရီလအတွင်းတစ်တင်း၁၅၀၀၀ ကျပ်နဲ့ ရောင်းဝယ်ခဲ့ကြရာမှ မတ်လ အတွင်း မှာတော့ လဆန်းရက်မှစပြီး ဈေးအေး လာခဲ့သလိုအရောင်းအဝယ်လဲ အေးခဲ့ ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
Background