Main menu

Background

စားအုန်းဆီကန်များမှ ဆီထုတ်ယူရာမှာ လျော့နည်းမှုမရှိစေရေးအတွက် တစ်ပေပါကို ယခင်က ၁၁၆ ပိဿာ အစား ၁၁၀ ပိဿာနဲ့ ချိန်တွယ်ထုတ်ပေးဖို့ ပြင်ဆင်သတ်မှတ်

Mon, 03/26/2012 - 08:25 -- Anonymous (not verified)

ရန်ကုန်မြို့ စားအုန်းဆီကန်အချို့မှ  ၁၁၆ ပိဿာဝင်ဆံ့တဲ့ တစ်ပေပါကို ၂၅ ကျပ်သားမှ ၅ ပိဿာခန့်အထိ လျော့နည်းထုတ်ယူရရှိခြင်းနဲ့ပတ်သက်လို့ မြန်မာ နိုင်ငံ ဆီလုပ်ငန်းရှင်များနှင့် ဆီကုန်သည်များ အသင်း၊ မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး၊ မြန်မာနိုင်ငံ ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက်၊ ဆီကန်ပိုင်ရှင်များ၊ ဆီလုပ်ငန်းရှင်များ၊ ကုန်သည်များ ပူးပေါင်းဆွေးနွေး ညှိနှိုင်းမှုအရ ၂၀၁၂ ဧပြီ ၁ ရက်မှစလို့ ဆီကန်များမှ ထုတ်ယူရာမှာ ဆီတစ်ပေပါကို ၁၁၆ ပိဿာအစား ၁၁၀ ပိဿာသာ ချိန်တွယ်ထုတ်ယူဖို့နဲ့ DO မှာလည်း ၁၁၀ ပိဿာသာေ ဖာ်ပြဖို့ ပြင်ဆင်သတ် မှတ်ခဲ့တယ်လို့ သိရပါတယ်။ အချို့ဆီကန်မှ ဆီ ထုတ်ယူရာမှာ ဆီလျော့နည်းမှုရှိခြင်းနဲ့ ဆီထုတ်ပေးတဲ့ ပေပါအချို့မှာလည်း တင်ချ မှုများတာကြောင့် ပိန်ချိုင့်နေတာတွေများတဲ့အတွက် ၁၁၆ ပိဿာဝင်ဆံ့မှု မရှိတာ ကြောင့် ထုတ်ယူရောင်းချသူများမှ နစ်နာမှုမ ရှိစေရေး ပြန်လည်ရောင်းချရာ မှာ ဈေးတင်ရောင်းချမှုေ တွပြုလုပ်လို့ ဈေးနှုန်းမြင့်တက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ရောင်းချသူများနစ်နာမှုမရှိအောင်နဲ့ စားသုံးသူများ ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် အခုလို ပြင်ဆင်သတ် မှတ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ဆီမှုန်ခြင်းနဲ့ပတ်သက်လို့  လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်ကတည်းက ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်အဟောင်းသာဖြစ်ပြီး ယခုအခါမှာ CP - 8လို အဆင့်မြင့်ဆီများ တင်သွင်းနေ ပြီဖြစ်လို့ ဆီမှုန်တဲ့ကိစ္စမရှိတော့ကြောင်းလည်း သိရပါတယ်။  ဆီကုန်သည်များအနေ နဲ့လည်း ဆီထုတ်ယူရာမှာ ကားသမားများနဲ့သာ ထုတ်ယူစေခြင်းဟာလည်း မသမာ မှုကို ဖြစ်စေတာမို့ ကိုယ်စားလှယ်များကိုယ်တိုင် စိစစ်ထုတ်ယူဖို့နဲ့ အရည်အသွေး၊ အလေးအချိန်နဲ့ပတ်သက်လို့ အခက်အခဲရှိပါက နမူနာနဲ့တကွ အချိန်နဲ့တစ်ပြေးညီ တာဝန်ရှိသူများကို တင်ပြဆောင်ရွက်သွားဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။ယုဇန