Main menu

Background

မတ်ပဲ

Mon, 03/26/2012 - 08:41 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်        ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်      ၁ တန်      ၄၂၅၀၀၀     ၄၀၆၀၀၀            ၂    မုံရွာ                ၁ ပိဿာ        ၆၄၀          ၆၄၀                ၃    ပြည်               ၁ ပိဿာ         ၆၁၀         ၆၂၅        ၄    ဟင်္သာတ         ၁ ပိဿာ         ၆၅၀         ၆၂၅        ၅    မန္တလေး          ၁ ပိဿာ          ၆၂၅         ၆၃၃        မတ်ပဲ(အဟောင်း)ထက် (အသစ်) က  အရောင်းအဝယ်ပိုဖြစ်    ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ် မတ်ပဲ (RC) ဟောင်းနဲ့ စာရင် အသစ်ကိုသာ အိတ်စပို့ဝယ်လက်ဝယ်အားများခဲ့တယ်လို့ ဆို ပါတယ်။ လက်ကျန်ပဲဟောင်းကို အိတ်စပို့အဆွဲက နည်းလာပြီး အသစ်ကိုဘဲ အဆွဲများလာတယ်။ အသစ်ရဲ့ အရည်အသွေးက ပို ကောင်းတယ်လေ။ ဒါကြောင့်အသစ်ကို ဝယ်အားများလာတာလို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက မတ်ပဲ (RC) ဟောင်းတစ်တန်ကို ၃၈၀၅၀၀ ကျပ်၊ (အသစ်) (RC) တစ်တန် ကို ၄၀၆၀၀၀ ကျပ်မှ ၄၁၃၀၀၀ ကျပ်အတွင်း စုစုပေါင်းတန် ၄၁၄၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲကို မြို့ခံပဲခွဲစက်များက ဝယ်အားပုံမှန်ရှိပေမယ့် ရန်ကုန်ဝယ်လက်ကတော့ အဝယ်ပါးသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၆၃၃ ကျပ် (တစ်တန်ကို ၃၈၇၆၄၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါ တယ်။ ပြည်ဈေးကွက်သို့ မတ်ပဲအသစ်တွေ ပြည်၊ အောင်လံရွာများ မှ တစ်နေ့အိတ် ၆၀၀ ခန့်အဝင်ရှိသလို ရန်ကုန်ဝယ်လက်ကလည်း အဝင်ရှိသလောက် ဝယ်အားရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာ ၆၂၅ ကျပ် (တစ်တန်ကို ၃၈၂၇၄၃ ကျပ်) နဲ့တစ်ပတ်အတွင်း အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဟင်္သာတဈေးကွက်သို့ ခရိုင်အတွင်းရှိ မြို့နယ်များနဲ့ အနီးတစ်ဝိုက်ကျေးရွာများမှ မတ်ပဲသစ်တွေ အဝင်လှိုင်နေတဲ့အပေါ် ရန်ကုန်ဝယ်လက်က ဈေးနှိမ်ပြီး အဝယ်ရှိနေတယ်လို့ မြို့ခံပဲကုန်သည် တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၂၅ ကျပ် (တစ်တန်ကို ၃၈၂၇၄၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၂၀၀၀ ကြားထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။