Main menu

Background

ထိုင်ဝမ် (ကုလားပဲ)

Mon, 03/26/2012 - 08:47 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ    ယခင်    ယခု    ပြောင်းလဲမှု     ၁    မန္တလေး        ၁ ပိဿာ       ၈၀၉      ၈၀၉                 ၂    မကွေး          ၁ ပိဿာ      ၈၀၅      ၈၀၀         ၃    မုံရွာ             ၁ ပိဿာ       ၈၀၅      ၇၉၅        ၄    အောင်လံ      ၁ ပိဿာ      ၈၀၀       ၈၀၀        ၅    မြင်းခြံ          ၁ ပိဿာ       ၈၀၀      ၈၀၀    ၆    ပြည်            ၁ ပိဿာ       ၈၁၀      ၈၁၀    ၇    ပခုက္ကူ         ၁ ပိဿာ       ၇၉၄      ၈၀၀ကုလားပဲကို ခွဲစက်သမားများ ဝယ်အားပုံမှန်ရှိနေ    မန္တလေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေနဲ့ ရန်ကုန် ဝယ်လက်တချို့က  ဝယ်အားပုံမှန်ရှိ သလို ရောင်းသူကုန်သည်များက လည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၀၉ ကျပ်(တစ်တန်ကို ၄၉၅၄၂၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၆၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲကတော့ ဒီတစ်ပတ်မှာ အရောင်းအဝယ်က ပုံမှန်လောက်ဘဲရှိတယ်။ မတ်လနောက်ဆုံးပတ်ဆိုရင် သြင်္ကန်အခါနီးလို့ ပိုပြီး အရောင်းအဝယ် သွက်လာနိုင်တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ မကွေး ဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်များနဲ့ အမှုန့်ကြိတ်စက်များ က ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါ ဈေးနဲ့ အရောင်းများနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်ပိဿာ ၈၀၀ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ တစ်ရက် ကိုအိတ် ၃၅၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ကုလားပဲကို ပဲခွဲစက်များက ယခင် အပတ်နဲ့စာရင် ဝယ်လိုအားအနည်းငယ်လျော့သွားတယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၀၀ ကျပ် (တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၁၅၀ ကြား ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မြင်းခြံဈေးကွက်မှာ မြို့ခံပဲခွဲစက်တွေက ကုလားပဲကို ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၀၀ ကျပ် (တစ် တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၅၀ မှ ၂၀၀ ကြားဖြစ် ခဲ့တယ်လို့ သိရပါတယ်။ အောင်လံဈေးကွက်မှာ ကုလားပဲကို မြို့ ခံပဲခွဲစက်နဲ့ အမှုန့်ကြိတ်စက်များအပြင် ရန်ကုန်ဝယ်လက် တချို့ကပါ ဝယ်အားသွက်နေတယ်လို့ သိရပါတယ်။ ကုလားပဲက ယခင်အပတ် နဲ့စာရင် အဝယ်ပိုသွက်လာတယ်။ ရောင်းသူ ကုန်သည်များ ကလည်း လက်ရှိပေါက်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်မှုက  တစ်ပိဿာ ၈၀၀ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၄၀၀ မှ ၆၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ ကုလား ပဲကို ဈေးကွက်အဝင်ရှိသလောက် မြို့ခံပဲခွဲစက်တွေနဲ့ ရန်ကုန်ဝယ် လက်က အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၁၀ ကျပ်(တစ်တန်ကို ၄၉၆၀၃၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၇၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါ တယ်။