စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၇၁၁ ၇၁၁ ၂ မန္တလေး ၁ ပိဿာ ၇၂၉ ၇၂၉ ၃ မကွေး ၁ ပိဿာ ၆၈၅ ၆၈၅ ပဲတီစိမ်း (ခရမ်းရွှေဝါ) ဈေးစွာပြီး ပဲတီစိမ်း(အညာ) ဈေးငြိမ် ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)ကို အိတ်စပို့ ဝယ်လက်တွေက အရည်အသွေးပေါ်မူ တည်ပြီး ဈေးပေးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၁၆ ကျပ်(တစ်တန်ကို ၆၂၂၁၈၈ ကျပ်)နဲ့ တစ်ပတ်အတွင်း ၃၈၈ တန်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)ကို တရုတ်ဝယ်လက်က ဝယ်အားပုံမှန်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ပဲကအရည်အေ သွးကောင်းတယ်လေ။ ဒါကြောင့် တရုတ်က ဈေးပို ပေးပြီး အဝယ်ရှိတာလို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၃၁ ကျပ်(တစ်တန်ကို ၆၃၁၃၇၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်း(အညာ)ကတော့ အရည်အသွေးနည်းနည်းညံ့ လာတဲ့အပေါ် တရုတ်ဝယ်လက်က ဈေးနှိမ်ပြီး အဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၂၉ ကျပ်(တစ် တန်ကို ၄၄၆၄၃၂ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုပမာဏနည်းသွား တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ပဲတီစိမ်းကို မန္တလေး အဆွဲခပ်ပါးပါး သာရှိခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၈၅ ကျပ်(တစ်တန်ကို ၄၁၉၄၈၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀ မှ ၁၀၀ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background