Main menu

Background

ပဲစင်းငုံနီ

Mon, 03/26/2012 - 08:56 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ    ယခင်          ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်    ၁ တန်       ၄၇၀၀၀၀    ၄၅၅၀၀၀                    ၂    မန္တလေး         ၁ ပိဿာ    ၇၀၈             ၆၉၂         ၃    မုံရွာ              ၁ ပိဿာ      ၇၀၀           ၆၈၀        ၄    ပခုက္ကူ           ၁ ပိဿာ    ၇၁၀             ၆၉၀            ၅    မြင်းခြံ            ၁ ပိဿာ    ၇၀၀             ၆၈၅                ၆    အောင်လံ       ၁ ပိဿာ    ၇၀၀              ၆၈၅                ၇    မကွေး           ၁ ပိဿာ    ၇၀၀              ၆၈၅                ၈    ပြည်             ၁ ပိဿာ    ၇၀၀              ၇၀၀    အိတ်စပို့ အဆွဲအေးလို့ ပဲစင်းငုံနီဈေးကျ    ဘုရင့်နောင်ဈေးကွက်မှာ  ပဲစင်းငုံနီ (RC) ကို  အိတ်စပို့ဝယ် လက်တွေက အဝယ်အေးသွားသလို  ဈေးလျော့ပြီး အဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်သို့ ဦးတည်နေ တယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ယခင်အပတ်က တစ်တန် ကို ၄၇၀၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲစင်းငုံနီ (RC) ကတော့ ဒီတစ်ပတ်မှာ အိတ်စပို့ဝယ်လက်က ဈေးလျော့ပြီး အဝယ် ရှိတာကြောင့် ဈေးကျလာပြီး တစ်တန်ကို ၄၅၅၀၀၀ ကျပ်နဲ့ တစ်ပတ် အတွင်း တန် ၁၀၂၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ရောင်းသူကုန်သည်များက တက်ဈေးမှာ အရောင်းများခဲ့ပြီး အခုလိုဈေးတွေ ကျနေတဲ့အခါမှာတော့ ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းသွားတာမို့ အရောင်းအဝယ်ဖြစ်မှု ပမာဏလည်း လျော့နည်းသွားခဲ့တယ်လို့ ပဲအရောင်းအဝယ်လုပ်တဲ့ ကုန်သည် တစ်ဦးကဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ုကုန် အဆွဲပါးသွားသလို ရောင်းသူကုန်သည်များကလည်း ဈေးကွက်အနေ အထားအရ အရောင်းနည်းေ နတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၆၉၂ ကျပ်(တစ်တန်ကို ၄၂၃၇၇၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၆၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မကွေး ဈေးကွက်မှာ ပဲစင်းငုံနီကိုရန်ကုန် ဝယ်လက်က အောက်ဈေးနဲ့ အဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၆၈၅ ကျပ်(တစ်တန်ကို ၄၁၉၄၈၇ ကျပ်)နဲ့ တစ်နေ့ကို အိတ် ၂၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပခုက္ကူဈေး ကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲ  ခပ်ပါးပါးသာရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက  တစ်ပိဿာ ၆၉၀ ကျပ် (တစ်တန်ကို ၄၂၂၅၄၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅၀ မှ ၂၅၀ ကြားသာ ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ ပြည်ဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အဆွဲအေးသွားတယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်)နဲ့ တစ်ပတ်တွင်း အိတ် ၁၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အောင်လံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန် ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၈၅ ကျပ် (တစ်တန်ကို ၄၁၉၄၈၇ ကျပ်) နဲ့ တစ်နေ့အိတ် ၂၀၀ မှ ၃၀၀ ကြား သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်တွေ အဝယ်အေးလို့ဈေးကျကာ အရောင်းအဝယ် အေးနေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၈၀ ကျပ်(တစ်တန် ကို ၄၁၆၄၂၅ ကျပ်)နဲ့ တစ်ရက် ကို အိတ် ၁၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန် သည်တစ်ဦးက ဆိုပါတယ်။