Main menu

Background

အရည်အသွေးကောင်းသရက်သီး တင်ပို့နိုင်ရေး ဆွေးနွေး

Mon, 03/26/2012 - 08:59 -- Anonymous (not verified)

ကျောက်ဆည်ခရိုင်၊ လယ်ယာထွက်ကုန် TPIS ဝန်ထမ်းများသည် မတ်လ ၁၈၊ ၁၉ ရက်များမှာ ကျောက်ဆည်မြို့နယ် ကိုးပင်ရွာ၊ ရဲကြီးရွာ၊ ဟံမြင့်မိုရ်ကျေး ရွာများသို့ သရက်ခြံပိုင်ရှင်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးရာမှာ TPIS  အဖွဲ့မှ ယခုအချိန်ခါ သရက်ပန်း လှိုင်လှိုင်ပွင့်ခြင်းနဲ့ အသီးစတင်ဝင်ချိန်ဖြစ်လို့ မှိုရောဂါ၊ ဖြုတ်ပိုး၊ လှေးပိုးကျရောက်မှုမရှိစေရေး ဂရုစိုက် ရန်လိုအပ်ကြောင်း၊ ခြံဝန်းအတွင်း ပေါင်းမြက်များရှင်းလင်းခြင်း၊  ပင်စည်အောက် ခြေမှ ၄ ပေအမြင့်ထိ ထုံးသုတ်ခြင်းများဆောင်ရွက်ထားရှိရေး၊ ကိုးပင်ကျေးရွာမှ ခြံပိုင်ရှင်ဦးမောင်လေးမှလည်း မတ်လ ၃၊ ၄ ရက်တွင် မိုးဖွဲဖွဲရွာသွန်းမှုကြောင့် သရက်ပန်းများ ထိခိုက်မှုမရှိဘဲ အသီးကင်းဝင်နိုင်ရန်နဲ့ အသီးကင်းဝင်ပြီးသော အပင်မှ အသီးများအတွက် ညှာတံခိုင်သွားပါကြောင်း၊ ယခင်နှစ်နဲ့နှိုင်းယှဉ်ရင်ပိုပြီး ပွင့်အား ကောင်းပြီးအသီးတင်မှုကြောင့် ယခုနှစ် အထွက်နှုန်းပိုပြီးကောင်းနိုင်ကြောင်း သုံးသပ်ဆွေးနွေးကာ TPIS ခေါင်းဆောင်မှ ခြံပိုင်ရှင်များအနေနဲ့ သရက်သီး ကြက်ဥအရွယ်မှာ အိတ်စွပ်ခြင်းအလေ့အကျင့်ကိုရရှိပြီးဖြစ်သော်လည်း  အိတ်မစွပ် မီ မှိုသတ်ဆေး၊ ပိုးသတ်ဆေးဖျန်းခြင်းနဲ့ အိတ်စွပ်ထားစဉ် အိတ်တွင်းမှ လှေးပိုး၊ အကြေးပိုးဝင်ရောက်မှုရှိ၊မရှိ ဂရုတစိုက်မရှိခြင်းများကြောင့် ဆုံးရှုံးမှုများရှိနေသေး ကြောင်း၊ သရက်သီးဈေးကွက်တင်ပို့ရာမှာလည်း  ဂျပ်ဖာအတွင်း အသီးများဝင်ဆံ့ သည်ထက် ပိုထည့်ခြင်း၊ ရင့်မှည့်အသီး များနဲ့ ဆေးတို့အသီးများ ရောနှောတင်ပို့ခြင်း ကြောင့် သရက်သီးဈေးကွက်ပျက် ခဲ့ရပြီး၊ ဈေးနှိမ်ခံရ လို့ ခြံပိုင်ရှင် အများစုနစ်နာမှု ရှိခဲ့ ကြောင်း၊ ယခုနှစ်မှာ ထိုအပြုအမူမျိုးရှောင်ရှားပြီး အသီးကင်းဝင်စမှ ခူးဆွတ်နိုင် တဲ့အထိ ဂရုစိုက်ပြီးအရည်အသွေးကောင်း သရက်သီးများတင်ပို့နိုင်ရေး ခြံပိုင်ရှင်များ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သင့်ကြောင်းဆွေးနွေးပြီး၊ သရက်သီးနဲ့ပတ်သက်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့တယ်လို့သိရပါတယ်။          သက်လွင်ထူး