Main menu

Background

မော်လမြိုင်ဒူးရင်းသီးမပေါ်မီ သီးနှံဈေးတန်းမှာ နေရာဝင်ယူတဲ့ မလေးရှားဒူးရင်းသီး

Mon, 03/26/2012 - 09:00 -- Anonymous (not verified)

      မော်လမြိုင်မြို့ပေါ်က သီးနှံရောင်းတဲ့ဆိုင်တန်းကဆိုင်တွေမှာ မော်လမြိုင်ဒူးရင်းသီးတွေစပေါ်နေပြီလို့  ထင်ရေ လာက် အောင်မော်လမြိုင်ဒူးရင်းသီးနဲ့ သဏ္ဌာန်တူနေတဲ့ မလေးရှားဒူးရင်းသီးတွေ အများအပြားရောင်းချေ နတာ တွေ့ရှိရ ပါတယ်။ ယခင်နှစ်တွေက ပြည်ပက ဒူးရင်းသီးဆိုလို့ ယိုးဒယားဒူးရင်းသီးသာ တင်သွင်းရောင်းချခဲ့ပေမယ့် ဒီနှစ်မှာတော့ ထူးထူးခြားခြား မလေးရှား ဒူးရင်းသီးတွေကို တွေ့လာရပါတယ်။ မော်လမြိုင်ဒူးရင်းသီးတွေ မထွက်သေးတာရယ်၊ ယိုးဒယားဒူးရင်းေ တွလည်း အရောက်နည်းပြီး ဈေးမြင့်နေလို့ ယခုမတ်လဆန်းလောက်ကနေစပြီး ထိုင်းနိုင်ငံကိုဖြတ်ပြီး မလေးရှားဒူးရင်းသီးတွေ ဝင်လာ တာလို့ သိရပါတယ်။ နယ်စပ်ဖြတ်ကျော်ပြီး မြဝတီကမှတစ်ဆင့် ရန်ကုန်မြို့ကို တိုက်ရိုက်တင်ပို့ပြီး မော်လမြိုင်ဘက်ကိုလည်း တင်ပို့နေ ကြောင်းသိရပါတယ်။ မော်လမြိုင်အနီးပတ်ဝန်းကျင်က ဒူးရင်းသီးတွေက ဧပြီလလောက်မှစထွက်နိုင်မှာမို့ ဒီက ဒူးရင်းသီးတွေနဲ့ ပုံသဏ္ဌာန်ကော အရသာပါတူပြီး၊ အထွက်စောတဲ့ မလေးရှားဒူးရင်းသီးတွေ တင်သွင်းလာတာလို့ ဒူးရင်းသီးေ ရာင်းချ သူ တစ်ဦးပြောပြချက်အရ သိရပါတယ်။ ယိုးဒယားဒူးရင်းသီးတွေကတော့ မြန်မာပြည်ကို တင်သွင်းနေတာ နှစ် အတော်ကြာက တည်းကဆိုတော့ လူအများသိပြီးသားဖြစ်နေတာပါ။ ယိုးဒယားဒူးရင်းသီးက အလုံးကြီးကြီးအတွင်းမှာ အစေ့ငယ်ငယ်နဲ့ အသား များများ၊ အရသာကတော့ မော်လမြိုင်ဒူးရင်းသီးလောက်မချိုဘဲ အချိုပေါ့ပါတယ်။ အခုရှားပါးချိန် မှာ ဈေးကလည်း တစ်လုံးကို အရွယ်အစားအလိုက် ၆၀၀၀ ကျပ် - ၇၀၀၀ ကျပ်လောက်နဲ့ ရောင်းချနေတာတွေ့ရပါတယ်။ အခုသီးနှံဆိုင်တွေမှာ ရောင်းချ နေတဲ့ မလေးရှား ဒူးရင်းသီးကတော့ မော်လမြိုင် ဒူးရင်းသီးလိုဘဲ အချိုစူးတယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ တစ်ကီလိုကို ၁၈၀၀ ကျပ်လောက်ကျသင့်ပြီး၊ အရွယ်အစားကတော့ အလုံးငယ်က တစ်ကီလိုခွဲလောက်အလေးချိန်ရှိပြီး၊ သုံးကီလိုအလေး ချိန်ရှိတဲ့ အလုံးအထိရှိလို့ ၃၀၀၀ ကျပ် ကနေ ၅၀၀၀ ကျပ်လောက်အထိ အရွယ်အစားအလိုက် ဈေးသတ်မှတ်ရောင်းချ နေကြောင်း သိရပါတယ်။ အသီးတွေကလည်း အနာအဆာကင်းပြီး၊ အပျက်အစီးနည်းလို့ ဝယ်ယူသူတွေကို အာမခံပေးပြီး ရောင်းလို့ရကြောင်း၊ မြန်မာသီးနဲ့ ယိုဒယားသီးတွေ ပေါ်ထွက်လာရင်လည်း သူ့ဈေးကွက်နဲ့သူ လိုအပ်သလို ဝယ်စားနိုင်အောင်လု့ိ မလေးရှားသီးတွေ ဆက်လက်ရောင်းချနေဦးမယ်လို့ သီးနှံရောင်းချသူ ပြောပြချက်ချက်သိရပါတယ်။ အသစ်အဆန်းဖြစ်တာရယ်၊ အရသာသိချင် တာကြောင့်ရယ်နဲ့ လက်ဆောင်တွေပေးချင်တာရယ်ကြောင့် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။ အခုပြည်ပက သွင်းလာပြီး ရောင်းချနေတဲ့ ဒူးရင်းသီးတွေက မြန်မာဒူးရင်းသီး မပေါ်သေးလို့သာ ဝယ်စားဖြစ်ကြောင်းနဲ့ ဘယ်ဒူးရင်းသီးမှ မြန်မာဒူးရင်းသီးရဲ့ အနံ့အရသာကို လိုက်မမီဘူးလို့လည်း စားသုံးသူများထံမှ သိရှိရပါတယ်။                     စိုးမြင့်