Main menu

Background

ထိုင်းနယ်စပ်မှ ရေထွက်ကုန် တန် ၁၆၆၀ ကျော် ပိုမိုတင်ပို့နိုင်

Mon, 03/26/2012 - 09:03 -- Anonymous (not verified)

    မြန်မာ - ထိုင်းနယ်စပ်ရှိ မြဝတီ၊ ကော့သောင်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၉၂၂ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၅၁၅၂ တန်ကို မတ် ၁၄ ရက်မှ ၂၀ ရက်အထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ကထက် တန် ၁၆၆၃ တန်ခန့် ယခုအပတ်မှာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြဝတီနဲ့ မြိတ်နယ်စပ်စခန်းများမှ တန် ၁၇၀၀ ကျော်အပို့ပိုခဲ့ပြီး ကော့သောင်းနယ်စပ်မှ ၅၉ တန်ခန့် လျော့နည်းတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ မြဝတီနယ်စပ်မှ ယခု အပတ်မှာ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်နဲ့ ဘီလား ၇၅ တန်ကျော်၊ ကော့သောင်းနယ်စပ်မှ ငါးမျိုးစုံ၊ ကင်းမွန်၊ ကဏန်း၊ ပုစွန်နဲ့ ငါးစည်ပေါင်း ၁၁၁၄ တန်ကျော်နဲ့ မြိတ်နယ်စပ်မှ ငါးမျိုးစုံ၊ ငါးခြောက်၊ ငါးမှုန့်၊ ငါးအသားလွှာ၊ ကျောက်ငါးအရှင်၊ ကဏန်းအသေး(အသေ)၊ အေးခဲကဏန်းနီ၊ ရွှံ့ကဏန်း (အရှင်)၊ အေးခဲကင်းမွန်၊ ကင်းမွန်ခေါင်း၊ ကင်းမွန်အသားလွှာ၊ ကင်းမွန်ကောင်လုံးသန့်၊ အေးခဲကဏန်း ပျော့များကို ကန်ဒေါ်လာ ၅ ဒသမ ၉၂၁၆ သန်းဖိုး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။                                                                                                                                                                                                                                                                  MIRT (DOBT)