Main menu

Background

မူဆယ်၊ ချင်းရွှေဟော်နဲ့ စစ်တွေတို့မှ ပရဆေးကုန်ကြမ်းများ တင်ပို့မှုရှိ

Mon, 03/26/2012 - 09:07 -- Anonymous (not verified)

    မူဆယ် ၁၀၅ မိုင်၊ ချင်းရွှေဟော်နဲ့ စစ်တွေနယ်စပ်စခန်း များမှ ယခုအပတ်မှာ ကန်ဒေါ်လာ ၁ သန်းကျော် တန်ဖိုးရှိ ပရဆေး ကုန်ကြမ်း တန် ၆၉၀ ကျော် တင်ပို့နိုင်ခဲ့ရာ ယခင် အပတ်ကထက် ၁၂၅ တန်ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ ချင်း ခြောက်၊ နနွင်းတက်(ရှမ်း)၊ မိကျောင်း ကွမ်းဖတ်စေ့၊ ကွမ်းစား ဂမုန်း၊ ကြောင်ပန်းစေ့၊ တောဂျင်း၊ အုံတုံခေါက်၊ ရှားစေး၊ ဒရင်ကောက်မြစ်နဲ့ မာလာဥခေါင်း များကို ကန်ဒေါ်လာ ၁ ဒသမ ၂၁၉ သန်း တန်ဖိုး တန်ချိန်အားဖြင့် ၆၅၉ တန်ကျော်၊ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၀၀၅ သန်း တန်ဖိုးရှိ ဒရင်ကောက်မြစ် တန် ၂၀၊ ကန်ဒေါ်လာသုညဒသမ ၀၁၄ သန်း တန်ဖိုးရှိ တောဂျင်း ၁၀ တန်၊ စစ်တွေနယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၀၁သန်းတန်ဖိုးရှိ စမုံစပါး ၂တန် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ တမူးနယ်စပ်မှ ပရဆေးကုန်ကြမ်း တင်သွင်းဆောင်ရွက်ခြင်းမရှိပါဘူး။ မူဆယ် နယ်စပ်မှ ယခုအပတ် ပရဆေးကုန်ကြမ်းကို ယခင်အပတ်နဲ့ နှိုင်းယှဉ်ရာမှာ ချဉ်ပေါင် ဖာလာအခွံပါနဲ့ မိကျောင်းကွမ်းဖတ် စေ့များကို အပို့ပိုမိုခဲ့ပါတယ်။ ချင်းခြောက်၊ နနွင်းတက်ရှမ်းစနဲ့ ချဉ်ပေါင်ဖာလာ အခွံမပါတင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ကွမ်း စားဂမုန်း၊ ကြောင်ပန်းစေ့၊ တောဂျင်း၊ အုံတုံခေါက်၊ ရှားစေး၊ ဒရင်ကောက်မြစ်နဲ့ မာလာဥခေါင်း အပို့ပိုခဲ့တယ်လို့ သိရပါ တယ်။                  MIRT (DOBT)