မတ်လ ၁၄ ရက်မှ ၂၀ ရက်အထိကာလအတွင်းမှာ မြန်မာ - တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်နဲ့ အိန္ဒိယ နယ်စပ်များမှ ကန်ဒေါ်လာ ၃ သန်းကျော်ဖိုး သစ်သီးဝလံကုန်သွယ်မှုကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပို့ကုန်အနေနဲ့ မူဆယ်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ၂ သန်းနီးပါးတန်ဖိုးရှိ ဖရဲသီး တန် ၁၂၃၀၀ ကျော်နဲ့ ကန်ဒေါ်လာ ၁ သန်းကျော် တန်ဖိုးရှိ သခွားမွှေး ၅၄၁၉ တန်ကို မူဆယ်နယ်စပ်မှ တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ယခင်အပတ်ကထက် သခွားမွှေး တန် ၃၈၀ ကျော်နဲ့ ဖရဲသီး တန် ၂၉၀၀ ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ကန်ပိုက်တီး နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၀၄၃ သန်း တန်ဖိုးရှိ တစ်သျှူးငှက်ပျော ၃၄၇ တန်၊ ရိဒ်နယ်စပ်မှ ကျပ် သုည ဒသမ ၇၅ သန်း တန်ဖိုးရှိ ဒေသထွက်ထောပတ်သီး ၅ တန်နဲ့ ကန် ဒေါ်လာသုညဒသမ ၀၀၄ သန်း တန်ဖိုးရှိ ပန်းသီး ၁၃ တန်ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ သွင်းကုန်အနေနဲ့ကတော့ မြဝတီမှ ကန်ဒေါ်လာ သုညဒသမ ၀၀၈ သန်း တန်ဖိုးရှိ ကြက်မောက်သီး တန် ၃၀ ကျော်၊ မူဆယ်မှ ကန်ဒေါ်လာသုညဒသမ ၂၃၁ သန်း တန်ဖိုးရှိ ပန်းသီး တန် ၅၀၀ ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၃၀၁ သန်း တန်ဖိုးရှိ လိမ္မော်သီး ၈၅၉ တန် တင် သွင်းမှုရှိခဲ့ပါတယ်။ MIRT (DOBT)
Background