Main menu

Background

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ရေထွက်ကုန် ကုန်သွယ်မှု ပုံမှန်ဖြစ်

Mon, 03/26/2012 - 09:09 -- Anonymous (not verified)

    ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှကန်ဒေါ်လာ သုညဒသမ ၁၇၆သန်း တန်ဖိုးရှိ ရေချိုငါး ၁၄၂ တန်ကျော်၊ ငါးစုံလေးခြောက် ၁၂ တန်၊ ငါးနီတူခြောက် ၂ တန်နဲ့ ရေငန်ပုစွန်ကျား ၃ ဒသမ ၆ တန် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၁၁၆ တန် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ရေချိုငါးနဲ့ ငါးစုံလေးခြောက် တင်ပို့မှု လျော့နည်းခဲ့တဲ့အတွက် ဖြစ်ပါတယ်။ မောင်တော နယ်စပ်ကနေ ရေငန်ပုစွန် ၅ တန်ကျော်နဲ့ ငါးနီတူခြောက် ၁၂၂ တန် တင်ပို့ခဲ့တဲ့အတွက် ယခင် အပတ်ကထက် ၁၂၂ တန် ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ စစ်တွေနဲ့ မောင် တောနယ်စပ် ၂ ခုပေါင်းရဲ့ တင်ပို့နိုင်မှုကတော့ ၂၈၇ တန်ခန့်ရှိရာ ယခင် အပတ်ကထက် ၉ တန်သာ ပိုမိုတင်ပို့ထားတာ တွေ့ရပါတယ်။MIRT (DOBT)