မူဆယ် ၁၀၅ မိုင်မှာ ပေးဆောင်ရတဲ့ အလုပ်သမားခမှာ မြေဆီတစ်တန်လျှင် ၁၀၀၀ိ/-နှုန်းနဲ့ ကားတစ်စီးကို ၁၈၀၀၀ိ/-နှုန်း ပေးချေနေရသဖြင့် သယ်ယူခ နှုန်းထားလျှော့ချပေးရန်ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ နယ်စပ်ကုန်သည် အသင်း ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက အဆိုပြုခဲ့တာဖြစ်ပါတယ်။ ဦးဌေးဦးက ဆက် လက်ပြီး ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှာ စစ်ဆေးချိန်မမီတဲ့အတွက် ယာဉ်ညအိပ်ရပ် နားရေးစခန်းများမှာ ညအိပ်ရပ်နားရတဲ့အခါ နှင်းနှင်းခိုင်ကုမ္ပဏီက ၃၀၀၀ ကျပ်နှုန်း ကောက်ပြီး သစ်သီးကုန်စည်ဒိုင်မှာတော့ ၂၀၀၀ိ/-နှုန်း ကောက်ခံလျက်ရှိတဲ့ အတွက်ညအိပ်ရပ်နားခများအား တစ်ပြေးညီဖြစ်စေရေး ညှိနှိုင်းပေးရန်လည်း တင်ပြ ခဲ့ပါတယ်။ အလုပ်သမားခ နှုန်းထားများ လျှော့ချပေးရေးနဲ့စပ်လျဉ်းပြီး သက်ဆိုင်ရာ အလုပ်သမားညွှန်ကြားရေးမှူး ဦးစီးဌာနနဲ့ တာဝန်ရှိဌာနများအား ကုန်သည်လုပ်ငန်း အသင်း တာဝန်ရှိသူများက ဖိတ်ကြားဆွေးနွေးညှိနှိုင်းသွားရန် စခန်းတာဝန်ခံက အကြံပြုခဲ့ပါတယ်။ ညအိပ်ကားညအိပ်ကြေးနဲ့စပ်လျဉ်းပြီး သက်ဆိုင်ရာကုမ္ပဏီများ နဲ့သာ ညှိနှိုင်းဆောင်ရွက်သွားရမယ့် ကိစ္စဖြစ်ကြောင်း စခန်းတာဝန်ခံက ဆုံးဖြတ် ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ရင်ငြိမ်းအေး
Background