Main menu

Background

တရုတ်နယ်စပ်မှ ဆန်တန်ချိန် ၉၃၀၀ ကျော် ယခုအပတ်မှာ အပို့ရှိ

Mon, 03/26/2012 - 09:11 -- Anonymous (not verified)

    မတ်လ ၁၄ ရက်မှ ၂၀ ရက်ကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၃ ဒသမ ၇၂၄ သန်း တန်ဖိုးရှိ ဧည့်မထ ၅ မှတ် ၂၅၁၇ တန်၊ ၁၀ မှတ် ၁၄၂၅ တန်ခန့်၊ ၁၅ မှတ် ၂၁၄၆ တန်ခန့်၊ ၂၅ မှတ် ၁၇၀၂ တန် ခန့်နဲ့ ငစိန် ၁၀ မှတ် ၁၀၀၅ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၄၇ သန်း တန်ဖိုးရှိ ဧည့်မထ တန် ၃၅၀၊ ကန်ဒေါ်လာ သုညဒသမ ၀၂၃ သန်း တန်ဖိုးရှိ ငစိန် ၅၄ တန်ကျော်နဲ့ ကန်ပိုက်တီးမှ ကန်ဒေါ်လာ သုည ဒသမ ၀၅၀ သန်း တန်ဖိုးရှိ ဧည့်မထ တန် ၁၂၀ လည်း တင်ပို့မှုရှိခဲ့ပါတယ်။ ယခုအပတ်မှာ နယ်စပ်မှ ဆန်တန်ချိန် ၉၃၁၉ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခင်အပတ်ကထက် တန် ၃၃၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။    MIRT (DOBT)