မိမိတို့ ၄-၅-၆ နှစ်အရွယ်ငယ်စဉ်က ကားသချုႋင်းဆိုတာ တွေ့ခဲ့ဖူးပါတယ်။ ယခုမိမိအသက် ၅၀ ကျော် ၆၀ နား နီးလာပါပြီ။ နိုင်ငံတော်မှာလည်း အစိုးရ တွေ အမျိုးမျိုးပြောင်း၊ အုပ်ချုပ်ပုံတွေ၊ မူဝါဒတွေလည်း လိုက်လျော ညီထွေ ပြောင်းလဲကျင့်သုံးပြဋ္ဌာန်းခဲ့ကြပါတယ်။ ယခုလက်ရှိ အစိုးရလက်ထက်မှာတော့ ယာဉ်အို ယာဉ်ဟောင်းများကို အပ်နှံ စေပြီး ပြည်ပမှ ပြုပြင်ပြီးယာဉ်များ ပြန်လည်တင်သွင်းခွင့် ပြုလိုက်ပြီဖြစ်ရာ ယခုအခါ လမ်းပေါ်မှာ ကားအိုကား ဟောင်းများ အတော်နည်းသွားပြီး ကား သစ်ပုံဆန်းလှလှပပများ မောင်းနှင် သွားလာနေကြတာ တွေ့ရပါတယ်။ မိမိကိုယ်တိုင်လည်း လွန်ခဲ့တဲ့ ၂၉ နှစ်၊ ဂျပန်ပညာသင်သွားစဉ် မိဘကို လုပ်ကျွေးပြုစုဖို့ အိမ်စီးကားလေး တင်သွင်းခဲ့ပြီး အက္ခရာကတော့ "ဒ" ဖြစ်ပါတယ်။ ယခုအခါမှာတော့ ဖျက် သိမ်းရမယ့် ယာဉ်အိုယာဉ်ဟောင်းသတ် မှတ်တဲ့ အက္ခရာမှာ ပါနေတာကြောင့် အပ်နှံလိုက်ရပြီဖြစ်ပါတယ်။ ကိုယ့်သား သမီးလိုဖြစ်နေတော့ အတော်လေးခံ စားရပါတယ်။ ဒါပေမယ့်လည်း နယ်နှင်၊ ဖျက်သိမ်းတာမျိုး မဟုတ်ဘဲ အဆင့်မီ ခေတ်မီကားများ အစားထိုးတင်သွင်းခွင့် ပြုခြင်း၊ မိမိရဲ့ ယာဉ်ဟောင်းလေးကို လည်းသံရည်ကျိုပြီးတဲ့အခါတည်ဆောက် ရေးလုပ်ငန်းသုံး တံတားသံဘောင်က အစ ခြံစည်းရိုးများ (Wire bulb) များအထိ ပြန်လည်ထုတ်လုပ်မှာလို့ သိရတဲ့အတွက် ဝမ်းနည်းသော်လည်း ဝမ်းလည်းသာမိပါတယ်။KKCM
Background