Main menu

Background

သီလဝါစက်မှုဇုန်မြေကွက်များ အရှုံးခံကာ ပြန်လည်ရောင်းချလျက်ရှိ

Mon, 03/26/2012 - 09:21 -- Anonymous (not verified)

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအတွင်းက ဈေးများအဆမတန်မြင့်တက်ခဲ့သည့် သီလဝါစက်မှုဇုန် မြေကွက်များအား အရှုံးခံကာ ပြန်လည်ရောင်းချလျက်ရှိ ကြောင်း သိရသည်။ထိုအချိန်က အဆိုပါ သီလဝါစက်မှုဇုန်မြေကွက်များသည် တစ်ဧကလျှင် ကျပ် သိန်း ၂၇၀၀ အထိမြင့်တက်ခဲ့သော်လည်း ယခုအချိန်တွင် ကျပ်သိန်း ၁၅၀၀ ခန့်သာရှိခဲ့ကြောင်း သိရသည်။ကိုးကန့်ဟွာကွေ့ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက "ဒီသီလဝါစက်မှုဇုန်မြေ ကွက်တွေကို အခုအချိန်မှာ အရှုံးခံပြီး ရောင်းနေပေမယ့် ဝယ်မယ့်သူကတော့ ရောက်မလာဘူး။ ပြီးခဲ့တဲ့နှစ်ကဆိုရင် တစ်ဧကကို ကျပ်သိန်း ၂၇၀၀လောက် အထိ အမြင့်ဆုံးရောက်လာတယ်။ ဒီနေ့အချိန်မှာတော့ အဲဒီနေရာမှာ ကျပ် သိန်း ၁၅၀၀ လောက်နဲ့ရောင်းနေပေမယ့် ဝယ်မယ့်သူကပေါ်မလာဘူး။ ဘာဖြစ် လို့လည်းဆိုတော့ အရင်ဈေးတက်တုန်းက သီလဝါစက်မှုဇုန်မှာ ကိုရီးယားလာ မယ်၊ ဂျပန်လာမယ် စတဲ့သတင်းတွေကြောင့် ဈေးတွေ စွတ်တက်ကုန်တာ။ အဲဒီတုန်းကလည်း ဝယ်လိုက်ကြ ရောင်းလိုက်ကြနဲ့ အခုတော့နောက်ဆုံးဝယ်မိ တဲ့သူပဲ အရှုံးနဲ့ရင်ဆိုင်ရတော့တာ။ ဝယ်မယ့်သူလည်းမရှိ ရောင်းမယ့်သူတွေ ကတော့ တန်းစီနေတာပဲ"ဟု ပြောသည်။အဆိုပါသီလဝါစက်မှုဇုန်သည်  အကွက်မဖော်ရသေးသည့် မြေကွက် များချည်း သက်သက်သာဖြစ်ကြောင်း သိရသည်။ ဝယ်ယူသူများသည် မြေပုံ ပေါ်တွင်သာကြည့်ပြီး ဝယ်ယူကြခြင်းဖြစ်ကြောင်းလည်း သိရသည်။မယ်သီတာ