Main menu

Background

ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှု ပြန်လည်မြင့်တက်လာ

Mon, 03/26/2012 - 09:25 -- Anonymous (not verified)

    မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း၁၀၆၅ တန်တန်ဖိုးသုည ဒသမ ၂၉၃ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တင်ပို့မှုလုံးဝမရှိဘဲ ယခုပြန်လည်တင်ပို့ နိုင်တာ ဖြစ်ပါတယ်။ တင်ပို့မှုတွေကတော့ ဗီယက်နမ်ကို တန် ၂၃၀ နဲ့ ဖိလစ်ပိုင်ကို ၈၃၅ တန် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးအနေနဲ့လည်း တရုတ်နယ်စပ်မှ တန် ၆၂၀၀ ကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ ပြောင်း လဲမှု မရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ကြား ဈေးရလျက်ရှိပါတယ်။K.Z.W