သိမ်ဖြူလမ်းတွင် ဖွင့်လှစ်ထားသည့် ငွေလဲစင်တာနှင့် ပုဂ္ဂလိကဘဏ်တို့မှ ဖွင့်လှစ်ထားသည့်ငွေလဲစင်တာများတွင် ဒေါ်လာများနှင့် အက်ဖ်အီးစီများကို လဲ လှယ်ရာတွင် အနည်းငယ်ဟောင်းနွမ်း နေသည့် ဒေါ်လာများနှင့် မှိုတက်နေ သည့်ဒေါ်လာများအားလဲလှယ်ပေးခြင်း မရှိသဖြင့် နိုင်ငံခြားငွေများမှာ ပြင်ပ လောကသို့ စီးဆင်းနေကြောင်း သိရ သည်။ငွေလဲစင်တာများတွင် ဒေါ်လာ များကို အကန့်အသတ်မရှိလဲလှယ်ပေး နေသည်ဆိုသော်လည်း အဆိုပါမှိုတက် နေသည့်ဒေါ်လာ များ အစွန်းအထင်း အနည်းငယ်ပါသည့် ဒေါ်လာများ၊ အ နည်းငယ်ဟောင်းနွမ်းနေသည့်ဒေါ်လာ များအား လဲလှယ်ပေးခြင်း မရှိသည့် အတွက် ငွေလဲလှယ်သူများမှာ ပြင်ပ ဒေါ်လာဈေးကွက်ကိုသာ အားကိုးပြီး လဲလှယ်နေရကြောင်း ဒေါ်လာဈေး ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ငွေလဲစင်တာများတွင် ဒေါ်လာတစ် သောင်းအထိ လဲလှယ်ပေးနေသော် လည်း ယင်းကဲ့သို့ေ ဆာင်ရွက်နေမှုများ ကြောင့် ငွေလဲသူများမှာ အခက်အခဲ များနှင့်ကြုံတွေ့နေရကြောင်းသိရသည်။"ကျွန်မ ဟိုနေ့က မွေး/ရေဘဏ် မှာ ငွေသွားလဲတော့ ဒေါ်လာ ၁၀၀ပဲ လဲလို့ရမယ်ဆိုတာနဲ့ AGD ဘဏ်မှာ သွားလဲတာ တစ်ရာတန် အရွက် ၃၀ လဲတာ ၆ ရွက်ပဲလဲလို့ရခဲ့တယ်။ ကျန် တာတွေက မှိုတက်နေတာရယ်၊ မှင်စွန်း နေတာရယ်၊ နည်းနည်းဟောင်းနေတာ ရယ် အဲဒါတွေကြောင့် လဲလို့မရခဲ့ဘူး။ အဲဒါကြောင့် ကျန်တဲ့ဒေါ်လာတွေကို အပြင်မှာပဲ အောက်ဈေးနဲ့လဲခဲ့ရတယ်။ အဲဒီလိုမျိုးတွေ အများကြီးဖြစ်နေတော့ ဒေါ်လာတွေဟာ ပြင်ပကိုပဲစီးဆင်းနေ တာများမှာပဲ။ အဲဒါဆိုရင် နိုင်ငံတော် မှာထိခိုက်မှုရှိလာမှာပဲ၊ အတုမဟုတ်ရင် ဘယ်လို အနေအထားမျိုးပဲဖြစ်ဖြစ် လဲခွင့်ပေးဖို့ကောင်းတယ်။ အပြင်မှာလဲ သလို ဈေးကို အနည်းငယ်ေ လျှာ့ပြီး တော့ လဲပေးရင် နိုင်ငံခြားငွေတွေ အပြင်ကို အများကြီးစီးဆင်းမနေတော့ ဘူးပေါ့"ဟုအဆိုပါဘဏ် တွင် ငွေလဲခဲ့ သူတစ်ဦးက ဆိုသည်။AGD ဘဏ်မှ တာဝန်ရှိသူတစ်ဦး က "ကျွန်မတို့ကလည်း ဗဟိုဘဏ်ကို ပြန်သွင်းရတာဆိုတော့ဒီလိုမျိုးဒေါ်လာ တွေကိုလဲမိရင် ဗဟိုဘဏ်က မယူဘူး။ အဲဒါဆိုရင် ကျွန်မတို့ဘက်မှာလည်း ဒုက္ခရောက်တာပဲ။ အတုနဲ့အစစ်ခွဲရတဲ့ အပြင် အဲဒီလိုမျိုး မှိုတက်တာတွေရော၊ အစွန်းအထင်းပါတာတွေရော၊ ဟောင်း နေတာတွေရောစစ်ရတာ"ဟုဆိုသည်။မယ်သီတာ
Background