Main menu

Background

နယ်စပ်မှပြောင်းတန်ချိန် ၆၂၀၀ ကျော် ယခုအပတ်မှာ တင်ပို့နိုင်

Mon, 03/26/2012 - 09:26 -- Anonymous (not verified)

    မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၇၄၁ သန်း တန်ဖိုးရှိပြောင်းဖူးစေ့တန်ချိန် ၆၂၁၃ တန်ကျော်ကို မတ်လ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၅၇၇၇ တန်၊ ချင်းရွှေဟော်မှ ၈၄ တန်ကျော်နဲ့ ကန်ပိုက်တီးမှ ၃၅၅ တန် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်မှ အပို့မရှိခဲ့ပေမယ့် ယခုအပတ် မှာ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုအပတ် နယ်စပ်မှ ပြောင်းတင်ပို့မှု ဟာ တန်ချိန် ၁၄၆၀ ကျော် လျော့နည်းခဲ့ပါတယ်။ မိမိဘက်မှာရော တစ်ဘက်နိုင်ငံ မှာပါဈေးများငြိမ်နေပြီးယခင်အပတ်အ တိုင်းပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ မိမိ ဘက် ပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -                               မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                ယခု          ယခင်    ပြောင်းလဲမှု    %    ယခု     ယခင်    ပြောင်းလဲမှု    %ပြောင်းဖူးစေ့    ၂၇၃၁၂၀    ၂၇၃၁၂၀        -            -      ၃၁၇     ၃၁၇         -              -MIRT (DOBT)