မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၄ ဒသမ ၂၇၉ သန်း တန်ဖိုးရှိတဲ့ RSS-3 ၆၃၅ တန်၊RSS-4 ၁၅ တန်ခန့်၊ RSS-5 တန် ၃၀၊ MSR - 20 ၃၇၉ တန်ခန့်နဲ့ MSR - 50 ၁၂၁ တန်ကို မတ်လ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်းမှာတစ်ဖက်တရုတ်နိုင်ငံသို့တင်ပို့ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၃၆၇ သန်း တန်ဖိုးရှိ ရော်ဘာ ၃၇၇ တန်ကျော်နဲ့ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၀၁ သန်း တန်ဖိုးရှိ RSS-3 တန် ၃၅၀ လည်း တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်များမှ ကန်ဒေါ်လာ ၆ ဒသမ ၈၄၇ သန်း တန်ဖိုးရှိတဲ့ ရော်ဘာအဆင့်စုံ ၁၉၂၁ တန် တင်ပို့ခဲ့တဲ့ အတွက် ယခင်အပတ်ကထက် ၈၇၅ တန်ခန့် ပိုမို တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။RSS-3 တန် ၆၀၀ ကျော်နဲ့ MSR - 20 တန် ၂၂၀ ခန့် ယခင်အပတ်ကထက် သိသိသာသာ အပို့ပိုခဲ့တာ ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာဈေးများ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ် လျက်ရှိပါတယ်။ မိမိဖက် RSS-3 တစ်တန်ကို ၂၉၂၁၀၀၀ ကျပ်၊RSS-5 တစ်တန်ကို ၂၇၉၄၀၀၀ ကျပ် တစ်ဘက်နိုင်ငံမှာ RSS-3 တစ်တန်ကို ၃၆၅၁ ဒေါ်လာနဲ RSS-5 တစ်တန်ကို ၃၄၉၂ ဒေါ်လာ အသီးသီး ဈေး ပေါက်လျက် ရှိပါတယ်။MIRT (DOBT)
Background