မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၅၂၁ တန် တန်ဖိုး ကန်ဒေါ်လာ ၅ ဒသမ ၅၅၂ သန်းဖိုးကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၄၀၀ ခန့်တင်ပို့မှု မြင့်တက်ခဲ့ ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှု တွေကတော့ မလေးရှားကို ၂၉၆ တန်၊ တရုတ်ကို တန် ၉၀၀ နဲ့ စင်္ကာပူကို ၃၂၄ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါ တယ်။ တရုတ်နယ်စပ်ကလည်း တန် ၂၀၀၀ နီးပါး တင်ပို့နေတာ တွေ့ရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ အနည်းငယ် ကျဆင်းသွားပြီး RSS-3 တစ်တန်ကို (၃၅၀၀-၃၆၀၀) ဒေါ်လာနဲ့ RSS-5 တစ်တန်ကို (၃၄၀၀-၃၅၀၀) ဒေါ်လာ အသီးသီး ဈေးပေါက်တယ်လို့ သိရပါတယ်။K.Z.W
Background