၁၉.၃.၂၀၁၂ နေ့တွင် ကျင်းပပြုလုပ်သည့် ထိုင်းနိုင်ငံ သကြားကော်မတီအဖွဲ့ အစည်းအဝေး၌ အတည်ပြု ဆုံးဖြတ် ချက်များမှာပြည်တွင်းစားသုံးရန်အတွက်မူလအတိုင်း သကြား အိတ် ၂၄ သန်း ထားရှိမည်ဖြစ်ပြီး ထိုသို့ထားရှိမှုမှာ ပြည်တွင်း သကြား ပြဿနာကို ကာကွယ်ရန်ဖြစ်သလို သကြားအိတ် အရေအတွက် လျှော့ချသိုလှောင်ခဲ့လျှင်လည်း သကြားဈေး နှုန်း ဈေးကစားသည့်ပြဿနာ ပေါ်လာနိုင်သောကြောင့် ဖြစ် ကြောင်း၊ ပြည်ပကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူး နိုင်းမနတ်ဆွဲပလွဲက ပြောကြားခဲ့ပါတယ်။ ယခုအစည်းအဝေး ၌အစိုးရအဖွဲ့အစည်းမှ ပြည်တွင်းစားသုံးရန်အတွက် သကြား အိတ် ၂၄ သန်းထားရှိပြီး သကြားထုတ်လုပ်သည့် စက်ရုံများ မှ သကြားအိတ် ၂၃ သန်းသာ ထားရှိလိုကြောင်း ငြင်းခုန်မှု များရှိခဲ့တယ်လို့ သတင်းထောက်များ၏ ပြောကြားချက် အရ သိရပါတယ်။Source: ထိုင်းရတ်သတင်းစာ၊တင်တင်ရီ
Background