Main menu

Background

ရက်သတ္တပတ် စီးပွားရေးသတင်းတိုများ

Mon, 03/26/2012 - 09:38 -- Anonymous (not verified)

ဖရန်ဖတ်    ယူရိုဇုန်   ကြွေးမြီ   အကျပ် အတည်းမှာ အဆိုးဆုံးတွေ  ပြီးဆုံး သွားပြီ။ဒါပေမယ့်စွန့်စားမှု အန္တရာယ် တွေ တည်ရှိနေဆဲဖြစ်ပြီး ထိုကိစ္စများ ကို ဖြေရှင်းရန်မှာ အစိုးရများရဲ့ ကိစ္စ သာ ဖြစ်ကြောင်း ဥရောပဗဟိုဘဏ် ဥက္ကဌမာရီယိုဒရပ်က မတ် ၂၂ရက် က ပြုလုပ်တဲ့ ဂျာမနီနိုင်ငံမှာ လူဖတ် များတဲ့သတင်းစာရဲ့ သတင်းစာ အင် တာဗျူး တစ်ခုမှာ ပြောပါတယ်။Source.AFPနယူးဒေလီ    အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းမပြုဘဲ အီရန်နိုင်ငံမှ ရေနံကို အိန္ဒိယနိုင်ငံက ဆက်လက် တင်သွင်းမှာ ဖြစ်ကြောင်းနဲ့ အိန္ဒိယ နိုင်ငံရဲ့ ရေနံ လိုအပ်ချက်ကို အမေ ရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ တို့ကထည့်သွင်းစဉ်းစားဖို့ရေနံဝန်ကြီး ဂျိုက်ပါရက်ဒီက မတ် ၂၃ ရက်က သတင်းထောက်တွေကို   ပြောပါ တယ်။ အမေရိကန် ပြည်ထောင်စုက ဂျပန်နဲ့ EU ၁၀ နိုင်ငံကို အီရန်ရေနံ ဝယ်ယူမှုကို ထူးထူးခြားခြားလျှော့ချ ခဲ့တဲ့အတွက် ဘဏ္ဍာရေး ပိတ်ဆို့မှုမှ ကင်းလွတ်ခွင့် ပြုခဲ့ပါတယ်။Source.reuters.comဆိုးလ်    ယူရိုဇုန်   အကျပ်အတည်းနဲ့ ကုန်စည်ဈေးနှုန်းတွေ   မြင့်မားမှု ကြောင့် စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေး နေချိန်မှာ တောင်ကိုရီးယားရဲ့ လုပ် အားထုတ်လုပ်မှုက သုံးနှစ်ဆက်တိုက် မြင့်တက်နေကြောင်းနဲ့  စီးပွားရေး လုပ်ငန်း အားလုံးရဲ့ လုပ်အား ထုတ် လုပ်မှုအညွှန်းကိန်းက ၂၀၁၁ ခုနှစ်က ၃ ရာခိုင်နှုန်းမြင့်တက်ပြီး ၁၁၁ ဒသမ ၆ ရှိခဲ့ပါတယ်။ ယခုချိန်ထိ အမြင့်ဆုံး ဖြစ်ပါတယ်။Source.Arirang Newsပေကျင်း    တရုတ်ပြည်မကြီးက ၂၀၁၀ ပြည့်နှစ်မှာ ဇိမ်ခံပစ္စည်းဒေါ်လာ ၃၃ ဘီလီယံဖိုးအထိ သုံးစွဲခဲ့တဲ့အတွက် ၂၀၀၉ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ပါတယ်။   လူကြိုက် အများဆုံးက Louis Vuitton   ကာတီးယားနဲ့   ဟာမက်စ်တို့ဖြစ် ပါတယ်။ ယခုအခါမှာ  တရုတ်ရဲ့ ကြွေထည်ပစ္စည်းများ  အပါအဝင် ဇိမ်ခံပစ္စည်း တံဆိပ်အတော်များများ က ဈေးကွက်ဝေစုရနိုင်ဖို့ တိုးဝင်နေ ပါတယ်။         Source.CNA